ဆံပင်က ဒုတိယမျက်နှာမလို့ ကျန်းမာပြီး လှနေတဲ့ဆံပင်ကို မလိုချင်တဲ့သူ မရှိပါဘူး ။ ဒါကြောင့် ကျန်းမာတဲ့ဆံပင်ပိုင်ဆိုင်ချင်တဲ့သူတွေ ဆံသားကြီးထွားဖို့အတွက် ဒီဆီ (၅)မျိုးကို စမ်းသုံးကြည့်သင့်ပါတယ် ။

ကြက်ဆူဆီ

ကြက်ဆူဆီက သတ္တုဓာတ်၊ VitaminE ၊ ပရိုတင်းများ၊ Antioxidants နဲ့ ဖက်တီးအက်ဆစ်များ ပါဝင်တာမလို့ ဆံပင်နဲ့ အသားအရေကို အထောက်အကူပြုပါတယ်။ ဗောက်ထတာ ၊ ဆံပင်ခြောက်တာ ၊ ဦးရေပြားယားတာ ၊ ဆံပင်ကျွတ်တာ စတာတွေဖြစ်နေရင် ကြက်ဆူဆီကို ဦးရေပြားကို လိမ်းပေးပါ။

Jojoba Oil

Jojoba အဆီက ဆံပင်ရဲ့အစိုဓာတ်ကို ထိန်းပေးနိုင်ပြီး ဆံကေသာကို ပိုမိုသန်စွမ်းကျန်းမာလာစေပါတယ်။ ဦးရေပြားယားယံတာ၊ ခြောက်သွေ့တာ၊ ဒါမှမဟုတ် ယားယံတာတွေ ခံစားရတိုင်း Jojoba ကို လိမ်းပေးပါ။

ထောပတ်သီးအဆီ

သတ္တုဓာတ်၊ Oleic အက်ဆစ်၊ အရေးကြီးတဲ့ ဗီတာမင်များနဲ့ အဆီဓာတ်များ မယုံနိုင်လောက်အောင် ကြွယ်ဝတာကြောင့် ဆံကေသာကို အစိုဓာတ်ထိန်းပေးတဲ့ အစွမ်းထက်ဆုံး အဆီတစ်မျိုးက ထောပတ်သီးအဆီပါ။ ပုံမှန်သုံးပေးရင် ဆံကေသာကို သန်မာစေပြီး ဆံသားခြောက်တာ ကွဲအက်တာကို သက်သာစေပါတယ်။

အုန်းဆီ

ငယ်ငယ်တုန်းကလူးခဲ့ရတဲ့ အုန်းဆီမှာ သန်မာပြီး ကျန်းမာသောဆံကေသာအတွက် အကောင်းဆုံးဆီတစ်မျိုးပါပဲ။ ဦးရေပြားကို ကျန်းမာသန်စွမ်းစေဖို့ ၊ အစိုဓာတ်ထိန်းဖို့နဲ့ ပြန်လည်သန်စွမ်းစေဖို့အတွက် ကူညီပေးနိုင်တဲ့အပြင် ဆံသားပျက်စီးမှု ထိခိုက်မှုကိုလည်း လျော့နည်းစေပါတယ်။

ဗာဒံဆီ

အာဟာရဓာတ်တွေကြွယ်ဝတဲ့ ဗာဒံဆီက ပျက်စီးနေတဲ့ ဆံသားများကို သန်စွမ်းစေပြီး အာဟာရဖြည့်ပေးတဲ့အပြင် ဦးရေပြားကို အာဟာရဖြည့်ပေးတာကြောင့် ဦးရေပြားယားတာကို သက်သာစေပြီး ဆံသားကို တောက်ပြောင်စေကာ ဆံပင်နှစ်ခွဖြစ်တာ အဖျားညှိတာ ပြတ်တာတို့ကို သက်သာစေပါတယ်။