မျက်တောင်မွှေးတိုတိုလေးပဲရှိလို့၊ မျက်တောင်မွှေးရှည်တာမျိုးလေး လိုချင်လို့ဆိုတဲ့သူတွေအတွက် မျက်တောင်မွှေးရှည်လာစေဖို့ ကူညီပေးမယ့် Oil 5 မျိုးနဲ့ အဲ့ဒီ Oil တွေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ပြုလုပ်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။

Castor Oil (ကြက်ဆူဆီ)

Castor Oil (ကြက်ဆူဆီ) ကို ဂွမ်းတံလေးနဲ့တို့ယူပြီး မျက်တောင်တွေကို လိမ်းပေးပါ။ မလုပ်ခင်မှာ မျက်နှာသစ်တာမျိုး (သို့) မျက်တောင်ကို အရင်သန့်စင်တာမျိုး လုပ်ပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်း လုပ်ပေးပြီး မနက်မှ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးတွေ သိသိသာသာ ထူပြီးရှည်လာမှာပါ။

Coconut Oil (အုန်းဆီ)

Coconut Oil (အုန်းဆီ) ကိုလည်း ဂွမ်းတံလေးနဲ့တို့ယူပြီး မျက်တောင်တွေကို လိမ်းပေးပါ။ မလုပ်ခင်မှာ မျက်တောင်ကို အရင်သန့်စင်ပေးပါ။ သူ့ကိုလည်း ညပိုင်းလုပ်ပေးပြီး မနက်မှ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးရင်တော့ မျက်တောင်လေးတွေ ရှည်လာမှာပါ။ အိမ်တိုင်းမှာ အုန်းဆီရှိတဲ့အတွက် ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးပါပဲ။

Vitamin E Oil

Vitamin E Oil ကို အပေါ်ကနည်းလမ်းတွေအတိုင်း မျက်တောင်ကိုလိမ်းပေးရင်လည်း မျက်တောင်လေးတွေ ထူပြီးရှည်လာစေပါတယ်။

Olive Oil (သံလွင်ဆီ)

သံလွင်ဆီကို ဂွမ်းတံလေးနဲ့ တို့ယူပြီး မျက်တောင်ကို လိမ်းပေးရင်လည်း မျက်တောင်လေးတွေ ထူပြီးရှည်လာစေပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ညမထားပဲ ၁၀ မိနစ်လောက်ပဲထားပြီး ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးပါ။

Lemon Peel Oil

Lemon Peel Oil က နည်းနည်းတော့ ဝယ်ရခက်မှာပါ။ ရှိတယ်ဆိုရင် သုံးလို့ရပါတယ်။ အပေါ်ကနည်းလမ်းတွေအတိုင်း ညတိုင်း ဂွမ်းတံလေးနဲ့ တို့ယူပြီး မျက်တောင်ကိုလိမ်းပေးရင် မျက်တောင်ရှည်စေပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်နေ့ကို ၂ ကြိမ်လောက် လုပ်ပေးပါ။