အခုခေတ်မှာ လူတော်တော်များများက ဓါတ်ပုံရိုက်ရတာစိတ်ဝင်စားလာကြပါပြီ။ အမျိုးသမီးတွေသာမက အမျိုးသားတွေလဲ ခရီးသွားတဲ့အခါ အထိမ်းအမှတ်နေရာတွေ ရောက်တဲ့အခါ အမှတ်တရဓါတ်ပုံရိုက်တတ်ကြပါတယ်။ ဒါပေမယ့် အပြင်မှာဘယ်လိုပဲကြည့်ကောင်းနေပါစေ ပို့စ်မပေးတတ်ရင် ဓါတ်ပုံထဲမှာတော့အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါဆို ဓါတ်ပုံရိုက်တဲ့အခါ မော်ဒယ်တယောက်လို အထာကျအောင် ဘယ်လိုပို့စ်ပေးမလဲသိရအောင် အောက်မှာဖတ်ကြည့်လိုက်ပါ။

(၁) ကြွက်သားတွေက အရေးမကြီးဘူး

Photo : filtergrade

သင့်ကိုယ်ခန္ဓာကိုယ်မှာ ကြွက်သားနည်းနည်းပဲရှိတာလား များများရှိလားဆိုတာအရေးမကြီးပါဘူး။ ဒါပေမယ့် ဝမ်းဗိုက်ကြွက်သားကို ခပ်တင်းတင်းဖြစ်အောင်ထားတဲ့ပုံက ဓါတ်ပုံထဲမှာသင့်ကိုအမြဲဆွဲဆောင်မှုရှိစေပါတယ်။ သင့်ရဲ့ဝမ်းဗိုက်ကြွက်သားပေါ်အောင်ဗိုက်ချပ်ထားတဲ့အခါ ခါးကိုသေးသွားစေပြီး ရင်ဘက်ကိုပိုကျယ်ပုံပေါက်စေပါတယ်။

(၂) မျက်နှာမူရိုက်ပါ

Photo : The Fashionisto

ပထမဆုံးအနေနဲ့ ရှေ့တည်တည့်ကနေရိုက်မယ်ဆိုရင် လက်ပိုက်ပြီးသင့်ပခုံးတွေကိုအနည်းငယ်ကွေးလိုက်ပါ။ တကယ်လို့ သင့်ပခုံးတွေကို ဘေးဘက်ကနေရိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို ပါးလှပ်သွားစေတဲ့အတွက် ဘေးတစောင်းရိုက်တာကိုရှောင်သင့်ပါတယ်။ မော်ဒယ်တယောက်လို ပို့စ်ပေးဖို့အလွယ်ဆုံးနည်းက ခန္ဓာကိုယ်ကိုဖြေလျော့ထားပြီး ရှေ့ကိုမျက်နှာမူရိုက်ပါ။

(၃) နံရံကိုမှီပါ

Photo : Lookastic

ဒါကတော့ ပို့စ်ပေးနည်းတွေထဲမှာ အလွယ်ဆုံးပါပဲ။ ကျောဘက် ဒါမှမဟုတ် ပခုံးတွေနဲ့နံရံကိုမှီထားတဲ့အခါ သက်တောင့်သက်သာရှိတဲ့ပို့စ်တခုကိုရစေပါတယ်။ လက်တွေကို သင့်ရဲ့ပို့စ်နဲ့လိုက်ဖက်အောင်ထားပါ။ ဥပမာ – ခါးထောက်တာ၊ ဘောင်းဘီအိတ်ထဲထည့်တာမျိုးလုပ်ပေးပါ။ ခြေထောက်တွေကိုလဲ မတူတဲ့ပုံစံတွေထားကြည့်ပါ။ ဥပမာ- နံရံကိုကျောမှီပြီး ခြေထောက်တဖက်တည်းကန်ထားတဲ့ပုံစံမျိုးနဲ့ တခြားသက်တောင့်သက်သာရှိတဲ့ပုံစံအတိုင်းထားလို့ရပါတယ်။

(၄) လမ်းလျှောက်တာ

Photo : Pinterest

လမ်းလျှောက်နေတဲ့ပုံဟာ အလွန်သဘာဝကျတဲ့ပို့စ်တခုပါ။ သင့်ရဲ့နဂိုလမ်းလျှောက်ပုံအတိုင်း သက်တောင့်သက်သာနဲ့ လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်လမ်းလျှောက်ရုံလျှောက်တာနဲ့ ပို့စ်ပေးလမ်းလျှောက်နည်းရဲ့ကွာခြားချက်တွေကိုသိထားရင်ပိုကောင်းပါတယ်။ ဒါက သင့်ကိုဓါတ်ပုံထဲမှာ ပိုပြီးအထာကျစေမှာပါ။ ဘယ်လိုပဲပဲဖြစ်ဖြစ် လမ်းလျှောက်ပုံကိုဓါတ်ပုံရိုက်တဲ့အခါ သဘာဝကျကျနဲ့သင့်ကိုသက်တောင့်သက်သာဖြစ်စေမှာ အမှန်ပါ။

(၅) လက်တွေနဲ့ ပို့စ်ပေးပါ

Photo : Pinterest

ကိုယ်နေဟန်ထားနဲ့ပတ်သတ်ပြီး နောက်ထပ်အရေးပါတဲ့အစိတ်အပိုင်းကတော့ လက်တွေပါ။ ကြည့်ရအဆင်ပြေတဲ့ပို့စ်တခုဖြစ်ဖို့ သင့်လက်တွေကို မှန်ကန်တဲ့ပုံစံတခုမှာ ထားရှိဖို့လိုပါတယ်။ လက်တွေကိုဘောင်းဘီအိတ်ထဲထည့်ထားတာ ဒါမှမဟုတ် လက်ပိုက်ထားတဲ့ပုံစံတွေလုပ်နိုင်ပါတယ်။ နောက်ထပ်နည်းတွေက အင်္ကျီကိုလက်နဲ့ကိုင်ထားတာ၊ ကြယ်သီးတပ်နေတဲ့ပုံစံ ဒါမှမဟုတ် နက်ကတိုင်ကြိုးကို ကိုင်ထားတာမျိုးလုပ်လို့ရပါတယ်။ မျက်နှာနားမှာ ထားတာ၊ ဆံပင်သပ်နေတာမျိုးလဲလုပ်လို့ရပါတယ်။