အချစ်ဇာတ်လမ်းတွဲတွေကြည့်တဲ့အခါ Romance ဖြစ်ရုံတင်မကဘဲ မနဲ့မောင် ဇာတ်လမ်းမျိုးကိုမှ ကြိုက်တဲ့သူတွေအတွက် စောင်ကိုက်ပြီးကြည့်ရလောက်အောင် Romance ဖြစ်လွန်းတဲ့ K Drama တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

“Something in the Rain”

လမ်းခွဲပြီးနောက်ပိုင်း အချစ်ကို ဘယ်တော့မှ ရှာမတွေ့နိုင်တော့ဘူးလို့ထင်ထားတဲ့ အသက် 30 ကျော်မိန်းကလေးတစ်ယောက် ငယ်သူငယ်ချင်းရဲ့မောင်လေးနဲ့ဆုံတဲ့အချိန် ဖြစ်လာတဲ့အချစ်အကြောင်းကို ပုံဖော်ရိုက်ထားတာပါ။

“One Spring Night”

ဒါကတော့ တစ်ရက်မှာ အရက်နာကျပျောက်ဆေးကို ရှာရင်း ရိုးရှင်းစွာဆုံခဲ့သူနှစ်ယောက် ခင်မင်ရင်းနှီးမှုကနေစပြီး နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာအဖြစ်သို့ ပြောင်းလဲသွားတဲ့ Romance ဇာတ်လမ်းလေးပါ။

“Secret Love Affair”

ဂျပန်ဝတ္ထု “Tokyo Tower” ကိုအခြေခံထားတဲ့ ဒီ ဒရမ်မာကတော့ Deliveryman အဖြစ် အလုပ်လုပ်နေရတဲ့ အသက် 20 အရွယ် ဆင်းရဲသားစန္ဒယားပညာရှင် နဲ့ စန္ဒယားပါမောက္ဇရဲ့ဇနီးတို့ကြားက ဖောက်ပြန်တဲ့ အချစ်ဇာတ်လမ်းဖြစ်ပေမယ့် အဆုံးထိကြည့်ဖို့တော့ ညွှန်းပါရစေ။

“I Hear Your Voice”

ဒီဒရမ်မာက စိတ်ကူးယဉ်ဆန်တဲ့ K-drama ဇာတ်ကားဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုမှာ အဖေကိုဆုံးရှုံးခဲ့ရတဲ့ အသက် 19 နှစ်အရွယ် ကောင်လေးတစ်ယောက် သူ့ကိုကယ်ခဲ့တဲ့ကောင်မလေးနဲ့ နှစ်အတော်ကြာအောင် အဆက်အသွယ်ပြတ်သွားခဲ့ပြီး ပြန်ဆုံကြချိ်န် ဖြစ်လာတဲ့ Romance ကိုမှ သည်းထိတ်ရင်ဖိုစရာအပြည့်နဲ့ ကြည့်ရမှာပါ။

“Encounter”

နိုင်ငံရေးသမားတစ်ယောက်ရဲ့သမီး တစ်နေ့မှာတော့ သူမဟာ အချစ်မဲ့အိမ်ထောင်ရေးကို စွန့်ပြီး သူ့ကိုယ်သူ ကုစားဖို့ ခရီးတစ်ခု စတင်ခဲ့ချိန်မှာ ငယ်ပြီး ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ဆုံတဲ့အခါ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကတော့ တကယ် Romance ဆန်တဲ့ဇာတ်လမ်းလေးပါ။