အားလုံးပဲ မင်္ဂလာပါ။ မြန်မာဝတ်စုံလေးက ပျိုမေတိုင်းနဲ့ လိုက်ဖက်မှုရှိပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့ မိန်းကလေးတစ်ယောက်က ဝတ်မယ်ဆိုရင်တော့ မိန်းကလေးအချင်းချင်းတောင် အားကျငေးယူရတဲ့အထိ လှပတာတော့ မယုံမရှိနဲ့နော်။

ပျိုမေလေးတို့လည်း မော်ဒယ်မလေးတွေလို ခန္ဓာကိုယ်ကောက်ကြောင်းလှချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေကို မှန်မှန်လုပ်ပေးဖို့တော့ လိုပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် ဒူးနှစ်ဖက်ကို ထောင်ထားကာ လက်နှစ်ဖက်ကို ဘေးကပ်ထားလိုက်ပါ။ ထို့နောက် ညာခြေကို အပေါ်သို့ ဆန့်တန်းကာ ပုံပါအတိုင်း အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက် ပြုလုပ်ပေးပါ။ (၁၂) ကြိမ်ခန့် ပြုလုပ်ပြီးပါက အခြားတစ်ဖက်သို့ ပြောင်းလုပ်ပေးလိုက်ပါ။ (၁၂) ကြိမ် ၄ ကျော့စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

အရင်ဦးဆုံး ဒူးထောက်ထားပါ။ လက်နှစ်ဖက်ကို ပုခုံးအောက်တွင် ဆန့်တန်းထားလိုက်ပါ။ ထို့နောက် ညာဒူးကို ဘေးဘက်သို့ ကားထုတ်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ဖက်ကို (၁၂) ကြိမ် ၄ ကျော့စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း (၂) က အနေအထားအတိုင်း နေနေပါ။ ထို့နောက် ညာခြေကို အနောက်သို့ ဆန့်တန်းကာ ပုံပါအတိုင်း ဘယ်ပို့လိုက် ညာပို့လိုက် ပြုလုပ်ပေးရပါမယ်။ တစ်ဖက်ကို (၁၂) ကြိမ် ၄ ကျော့စီပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး လက်နှစ်ဖက်ကို ရင်ဘက်ရှေ့တွင် ဆုပ်ကာ အားယူထားပါ။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ဘယ်ခြေကို ခန္ဓာကိုယ်ဘေးဘက်သို့ ထောင့်ဖြတ်ပုံသဏ္ဍာန် ကွေးထုတ်လိုက်ပါ။ ထို့နောက် အပေါ်သို့ ပြန်မြှောက်တင်လိုက်ပါ။ ဘယ်ခြေ (၁၂) ကြိမ် ပြီးပါက ညာခြေ (၁၂) ကြိမ် ပြုလုပ်ပါ။ ၄ ကျော့စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

Squat ထိုင်တဲ့ လေ့ကျင့်ခန်းကိုတော့ စာဖတ်သူတို့ ရင်းနှီးကြပါလိမ့်မယ်။ ဒီတစ်ခါ Squat ထိုင်တဲ့နည်းကတော့ ဘယ်ခြေဖျားထောက်ကာ Squat ထိုင်ရမှာပါ။ (၁၂) ကြိမ် ပြုလုပ်ပြီးပါက ဘယ်ခြေကို ပြန်ချပြီး ညာခြေကို ခြေဖျားထောက်ကာ Squat ထိုင်ပေးရပါမယ်။ ၄ ကျော့စီ ပြုလုပ်ပေးလိုက်ပါ။

Source: Cosmopolitan.com

By MyStyle Myanmar