နှုတ်ခမ်းနားတစ်ဝိုက်က အကွင်းလိုက်မဲနေတာက တော်တော်များများဖြစ်ပါတယ်။ တချို့ကျ သိပ်မသိသာပေမယ့် တချို့ကျတော့ အရမ်းသိသာပါတယ်။ ဒါကြောင့် နှုတ်ခမ်းနားတစ်ဝိုက်က အကွင်းလိုက်မဲနေတာကို သက်သာစေမယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပဲမှုန့်

ပဲမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ပုံ ၁ ပုံစာတို့ကို ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး မဲနေတဲ့နေရာတစ်ဝိုက်ကို အကွင်းလိုက်လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေဆေးချလိုက်ပါ။

အာလူးအရည်

အာလူးကို သေးသေးလေးတွေရအောင်ခြစ်ချပြီး အဝတ်ထဲထည့် အရည်ရအောင်ညှစ်ချပြီး နှုတ်ခမ်းနားတစ်ဝိုက် မဲနေတဲ့နေရာတွေကို ပွတ်ပေးပါ။ ပြီးရင် မိနစ် ၂၀ ထားပြီးမှ ရေအေးနဲ့ဆေးချလိုက်ပါ။

ပျားရည်နဲ့သံပယိုရည်

ပျားရည်နဲ့သံပယိုရည်ကို ဆတူရောမွှေပြီး မဲနေတဲ့နေရာကို လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ရေပြန်ဆေးချလိုက်ရုံပါပဲ။

ဒိန်ချဉ်နဲ့လိမ္မော်ခွံ

လိမ္မော်ခွံကိုအခြောက်ခံပြီး ခြောက်သွားရင် အမှုန့်ဖြစ်အောင်ကြိတ်ပါ။ ရလာတဲ့ လိမ္မော်ခွံအမှုန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာယူပြီး ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ မဲနေတဲ့နေရာကို ပွတ်ပေးပါ။ ၅ မိနစ်ထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

အုတ်ဂျုံ

အုတ်ဂျုံကို ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး မဲနေတဲ့နေရာကို scrub လုပ်ပွတ်ပေးပါ။ ပြီးရင်တော့ ၁၅ မိနစ်ထားပြီးမှ ရေဆေးချပါ။

ဒီနည်းလမ်း ၅ မျိုးထဲက ကိုယ်ကြိုက်တာကို ရွေးချယ်လုပ်လို့ရပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးဖို့ပဲ လိုပါတယ်။