မျက်တောင်မွှေးများ ရှည်လျားကော့ညွှတ်လှပနေချင်တာကတော့ မိန်းကလေးတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ မျက်တောင်တုများ မကြာခဏတပ်တာကြောင့်သော်လည်းကောင်း၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများကြောင့်သော်လည်းကောင်း မျက်တောင်မွှေးများ ယားယံခြင်း၊ ကျိုးကြေပျက်စီးခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

ဒီလိုမျိုး မျက်တောင်မွှေးတွေ အားနည်းလာပြီဆိုရင် မျက်တောင်မွှေးရှည်လျားထူထဲလာဖို့ဆိုတာ ဖြစ်နိုင်ချေနည်းသွားပါပြီ။ ဒါ့ကြောင့် ကျိုးကြေပျက်စီးပြီး အားနည်းနေတဲ့ သင့် မျက်တောင်မွှေးလေးကို အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းလေးတွေနဲ့ သေချာထိန်းသိမ်းစောင့်ရှောက်လိုက်ပါ။

Green Tea

Green Tea အထုပ်လေးကို ရေနွေးပူထဲထည့်စိမ်လိုက်ပါ။ ဝါဂွမ်းစလေးကို ထို Green Tea ရည်ထဲ ထည့်စိမ်လိုက်ကာ မျက်တောင်မွှေးပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ Green Tea ထဲမှာ ပါဝင်တဲ့ Flavonoids ဓာတ်က သင့်မျက်တောင်မွှေးများ ရှည်လျားလာအောင် လှုံ့ဆော်ပေးပြီး မွှေးညှင်းပေါက်များကို သန့်စင်ပေးမှာပဲဖြစ်ပါတယ်။

မျက်တောင်မွှေး ဖြီးပေးပါ

မျက်တောင်မွှေး ဖြီးတဲ့ ဘရက်ရှ်သေးသေးလေးနဲ့ သင့်မျက်တောင်မွှေးကို တစ်နေ့ နှစ်ကြိမ်ခန့် ဖြီးပေးလိုက်ပါ။ ဒီလိုဖြီးပေးခြင်းက မျက်တောင်မွှေးမှာရှိတဲ့ သဘာယအဆီဓာတ်များကို ပြန့်နှံ့သွားအောင် ကူညီပေးပြီး မျက်တောင်မွှေးရှည်လျားထူထဲလာအောင် ကူညီပေးပါလိမ့်မယ်။

သံပုယိုသီးနဲ့ သံလွင်ဆီ

သံပုယိုရည်နှင့် သံလွင်ဆီကို ဆတူရောမွှေလိုက်က သင့်မျက်တောင်မွှေးပေါ်မှာ ညအိပ်ယာဝင်ခါနီးတိုင်း သုတ်လိမ်းပေးလိုက်ပါ။ မနက်ရောက်မှ မျက်နှာသစ်ပေးလိုက်ပါ။ သံပုယိုသီးနဲ့ သံလွင်ဆီရဲ့ ပေါင်းစပ်မှုက သင့်ရဲ့ မျက်တောင်မွှေးကို ရှည်လျားထူထဲလာအောင် ကူညီပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားသုံးပါ

မျက်တောင်မွှေး ရှည်လျားထူထဲလာဖို့အတွက် ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဓာတ်များက ကူညီပေးနိုင်ပါတယ်။ ပရိုတင်းနဲ့ ဗီတာမင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ ဒိန်ချဉ်တို့ပဲဖြစ်ပါတယ်။

အုန်းဆီ (သို့) သံလွင်ဆီ

အုန်းဆီ၊ သံလွင်ဆီတို့က အမွှေးအမျှင်များ ရှည်လျားထူထဲလာအောင် ကူညီပေးနိုင်တဲ့ သဘာဝအဆီတွေပဲဖြစ်ပါတယ်။ ထိုသဘာဝအဆီများကို သင့်မျက်တောင်မွှေးပေါ်မှာ သုတ်လိမ်းပေးခြင်းအားဖြင့် သင့် မျက်တောင်မွှေးများ သဘာဝအတိုင်းရှည်လျားထူထဲလာမှာပဲဖြစ်ပါတယ်။ ဗီတာမင်အီး အတောင့်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

Source: onegoodthingbyjillee.com

By MyStyle Myanmar