ဆံသားကြမ်းပြီး မွဲခြောက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဆံသားနူးညံ့ပျော့ပျောင်းပြီး တောက်ပြောင်လာစေဖို့အတွက် အိမ်မှာပဲလွယ်လွယ်ကူကူ လုပ်လို့ရမယ့် သဘာဝနည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Aloe vera gel spray

ရှားစောင်းလက်ပတ်အရွက်တစ်ခုကို အထဲကအသားတွေခြစ်ယူပြီး Blender ထဲ ထည့်ကြိတ်ပါ။ ပြီးရင် ရေနဲ့ သင့်တော်သလောက်ရောမွှေပါ။ ပြီးရင်တော့ spray ဘူးထဲထည့်ပြီး shake လုပ်လိုက်ပါ။ ဒါဆိုရင် Aloe vera gel spray ကို ရရှိသွားပါပြီ။ ခေါင်းလျှော်ပြီးတိုင်း Aloe vera gel spray ဖြန်းပေးပါ။ တစ်ပတ်ကို ၃ ကြိမ်၊ ၄ ကြိမ် ပုံမှန်ဖြန်းပေးပါ။ ဆံသားဖွာတာ၊ ပျက်စီးတာတွေသက်သာပြီး ဆံသားတောက်ပြောင်လာစေပါတယ်။

Apple cider vinegar

Apple cider vinegar ကို စားပွဲတင်ဇွန်းတစ်ဝက်စာယူပြီး ရေခွက်တစ်ခွက်စာနဲ့ ရောမွှေပါ။ ပြီးရင် ခေါင်းလျှော်ပြီးတဲ့အချိန် ဆံသားနဲ့ဦးရေပြားအနှံ့ ပွတ်လိမ်းတာပဲဖြစ်ဖြစ် ခေါင်းလောင်းချလိုက်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေစစ်ချပြီး အခြောက်ခံပါ။ ခေါင်းသုတ်ပါ။ ဒီနည်းလမ်းကတော့ ဆံသားနူးညံ့ပျော့ပျောင်းပြီး ဆံသားတောက်ပြောင်စေပါတယ်။

Banana hair mask

ငှက်ပျောသီးအမှည့်တစ်လုံးကို ကြိတ်ချေပြီး lavender essential oil နှစ်စက်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ဆံသားအနှံ့လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ပြီး conditioner ပြန်သုံးလိုက်ရုံပါပဲ။ ဒီနည်းလမ်းက ဆံသားနူးညံ့ပျော့ပျောင်းစေပြီး ဆံသားတောက်ပြောင်စေတယ်၊ ဗောက်လည်း သက်သာစေပါတယ်။

Cold-brewed coffee

ခေါင်းလျှော်ပြီး ဆံပင်ရေစိုနေတဲ့အချိန်မှာ Cold-brewed coffee နှစ်ခွက်ကို spray ဘူးထဲထည့်ပြီး ဆံသားကိုဖြန်းပေးပါ။ ပြီးရင် ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေနဲ့ပြန်သန့်စင်ပြီး conditioner သုံးပေးပါ။ ဒီနည်းလမ်းက ဦးရေပြားအတွင်းပိုင်းအထိ moisture ရရှိစေပြီး ဆံသားနူးညံ့ပျော့ပျောင်းကာ ဆံကေသာ တောက်ပြောင်စေပါတယ်။

Honey & olive oil

ပျားရည် – စားပွဲတင်ဇွန်းလေးဇွန်းကို သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရောမွှေပြီး ဆံသားအနှံ့ သေချာလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ခေါင်းလျှော်ပေးပါ။ တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပြီး ဆံသားနူးညံ့ပျော့ပျောင်းစေတယ်၊ ဆံသားတောက်ပြောင်စေပါတယ်။