အသားအရမ်းခြောက်တတ်တဲ့သူတွေနဲ့ အရေခွံလန်တာမျိုး ဖြစ်တတ်တဲ့သူတွေက ဆောင်းရာသီရောက်ရင် လက်အရေခွံလန်တာမျိုးတွေ ပုံမှန်ဖြစ်လေ့ရှိပါတယ်။ တချို့ကျတော့လည်း ဆောင်းရာသီမဟုတ်လည်း လက်အရေခွံလန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်အရေခွံလန်တာတွေ သက်သာပျောက်ကင်းစေမယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

ရှားစောင်းလက်ပတ်သည် ရောင်ရမ်းမှုကိုသက်သာစေပြီး အသားအေးစေပါတယ်။ ဒါ့အပြင် ယားယံတာ၊ နီမြန်းတာ၊ အသားခြောက်တာတွေလည်း သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်ဂျယ်ကို လိမ်းပေးခြင်းကလည်း လက်အရေခွံလန်တာကို သက်သာစေပါတယ်။ ဆန့်ကျင်ပြီး အေးမြစေသည့် ဂုဏ်သတ္တိများ ပါရှိသောကြောင့် ယားယံခြင်းမှ သက်သာစေပြီး အရေပြား နီရဲခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို လျှော့ချပေးနိုင်ပါသည်။

သံလွင်ဆီ

လက်အရေခွံလန်တာက သံလွင်ဆီလိမ်းရင်လည်း သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ သံလွင်ဆီက အသားအရေကို moisture အလုံအလောက် ဖြည့်ပေးနိုင်ပါတယ်။

Oatmeal နဲ့ရေချိုးခြင်း

Bathtub ထဲကို oatmeal ကို ခွက်တစ်ခွက်စာထည့်ပြီး ရေနွေးထည့်ကာ ဝင်စိမ်ရမှာပါ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်စိမ်ပြီးရင် ရေပြန်ချိုးလိုက်ရုံပါပဲ။ Bathtub မရှိရင် လက်ကိုပဲ သီးသန့်စိမ်တာမျိုးလည်း ရပါတယ်။

နွားနို့

နို့အေးတွင် သန့်ရှင်းသောအဝတ်စကို စိမ်ပြီး အခွံခွာနေသော အရေပြားပေါ်တွင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထားပေးပါ။ နို့မှာပါတဲ့ လက်တစ်အက်ဆစ်က အရေပြားကို ညင်သာစွာ ဖယ်ရှားပေးပြီး ရေဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။

သခွားသီးနဲ့ဒိန်ချဉ်

သခွားတစ်ခြမ်းကို blender နဲ့ကြိမ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် လက်မှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး moisturizer ပြန်လိမ်းထားရုံပါပဲ။