မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် မျက်တောင်လေးလှနေရင် ဆွဲဆောင်မှုတစ်ခုပါပဲ။ အဓိကကတော့ မျက်တောင်လေးတွေ ရှည်ပြီးထူနေတာမျိုးလေးပေါ့။ ဒါကြောင့် လှပတဲ့ မျက်တောင်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကိုယူပြီး နှစ်ခြမ်းခွဲ၊ ပြီးရင် အတွင်းသားဂျယ်လ်ကိုယူပြီး မျက်တောင်မှာ လိမ်းပေးပါ။ ဘယ်လိုလိမ်းရမလဲဆိုရင်တော့ Mascara ကော့တဲ့ Brush လိုမျိုးလေးနဲ့ ယူပြီးကော့ရမှာပါ။ ပြီးရင် ၁၅ မိနစ်ထားပြီး ရေနဲ့ပြန်သန့်စင်ပါ။ နေ့တိုင်းလုပ်ပေးရင် သိသာတဲ့ Result ကို ရရှိမှာပါ။

သံလွင်ဆီ

သံလွင်ဆီကိုလည်း ခုနကလိုပဲ Mascara ကော့တဲ့ Brush လိုမျိုးလေးနဲ့ ယူပြီး မျက်တောင်ကို ကော့ပေးပါ။ ပြီးရင် တစ်ညထားပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုလည်း ညတိုင်းလုပ်ပေးရင် သိသာလာမှာပါ။

Vitamin E Oil

Vitamin E Oil ကို လက်ချောင်းလေးနဲ့ယူပြီး မျက်တောင်လိမ်းတာပဲဖြစ်ဖြစ်၊ Mascara ကော့တဲ့ Brush လိုမျိုးလေးနဲ့ ယူပြီး ကော့ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးရင် တစ်ညထားပြီး မနက်မှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကိုလည်း ညတိုင်းလုပ်ပေးရင် လှပတဲ့ မျက်တောင်လေးတွေကို ရရှိလာမှာပါ။

ကြက်ဆူဆီ

ကြက်ဆူဆီကိုလည်း လက်နဲ့ပဲဖြစ်ဖြစ် Mascara ကော့တဲ့ Brush လိုမျိုးလေးနဲ့ပဲဖြစ်ဖြစ် ယူလိမ်းပေးပါ။ တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ သတိထားရမှာက ကြက်ဆူဆီနဲ့မတည့်ရင် ယားယံတာတွေ ဖြစ်တတ်လို့ သတိထားဖို့လိုပါတယ်။ မျက်စိထဲမဝင်အောင်လည်း ဂရုစိုက်ပေးပါ။

အုန်းနို့

အုန်းနို့ကို ဂွမ်းတံလေးနဲ့ယူပြီး မျက်တောင်ကိုလိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။ ပုံမှန်လုပ်ပေးသွားရင် မျက်တောင်လေးတွေ သိသိသာသာ ထူလာမှာပါ။