ဆံပင်တွေက Chemical ထိတာများတဲ့အခါ ဆံပင်တွေကို လုံလုံလောက်လောက် ဂရုမစိုက်ဘူးဆိုရင်တော့ မွဲခြောက်ခြောက် ဆံကေသာကိုပဲ ပိုင်ဆိုင်ရမှာပါ ။ဆံပင်က မွဲခြောက်ခြောက်ဖြစ်လာရင် ဒါဟာ ဆံပင်က အာဟာရဓာတ်လိုအပ်လာတာပါ။ ဒီလို မွဲခြောက်နေတဲ့ဆံပင်ကို ဂရုစိုက်ဖို့ စဥ်းစားနေတာလား ? ဆံသားမွဲခြောက်တာကို ဖယ်ရှားပေးပြီး ချောမွေ့တောက်ပြောင်တဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းတွေရှိပါတယ်။

အုန်းဆီ

မွဲခြောက်ခြောက်ဖြစ်နေတဲ့ ဆံကေသာတွေရဲ့ ကျန်းမာရေးမြှင့်တင်ဖို့အတွက်ဆို အုန်းဆီကိုသုံးပေးပါ။ ရေမချိုးခင် 2-3 နာရီအလိုမှာ အုန်းဆီကို ဦးရေပြားထဲလိမ်းပြီး အသာယာလေးနှိပ်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ဆန်နဲ့ပျားရည်

ပျက်စီးမှုကို သက်သာပျောက်ကင်းစေပြီး ဆံပင်ရဲ့အမြစ်တွေကိုအားကောင်းစေဖို့ ဆန်ဆေးရေက ကူညီပေးနိုင်သလို ပျားရည်ရဲ့ Antioxidant နဲ့ Eollient က ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ကွဲအက်ခြင်းကို သက်သာစေပါတယ်။ ဆန်ခွက်တစ်ဝက်စာကို ရေတစ်ခွက်နဲ့ရောပြီး သုံးနာရီကနေ လေးနာရီကြာအောင် ထားလိုက်ပါ။ ရလာတဲ့ဆန်ဆေးရေကို အပူနည်းနည်းပေးပြီး ပျားရည်ထည့်လိုက်ပါ။ ဆန်ဆေးရေနဲ့ခေါင်းလျှော်ပြီးရင် ဆံပင်ကို နှစ်မိနစ်လောက် နှိပ်ပေးပါ။ ခေါင်းလျှော်ရည်နဲ့ထပ်မလျှော်ဘဲ လေနဲ့ အခြောက်ခံလိုက်ပါ။

ပျားရည်နဲ့ဒိန်ချဉ်

နွားနို့မှာ လက်တစ်အက်ဆစ်ပါဝင်တာကြောင့် ဆံကေသာကို ပျော့ပျောင်းစေနိုင်တဲ့အပြင် ပျားရည်က ဆံပင်ကို နူးညံ့တောက်ပြောင်စေပါတယ်။ ဒိန်ချဉ် ၁ ခွက်နဲ့ ပျားရည် ၂ ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေလိုက်ပါ။ ဆံပင်နဲ့ဦးရေပြားပေါ် လိမ်းပြီး မိနစ် 30 လောက်ထားလို်က်ပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး သေချာဆေးချပါ။

ဇီးဖြူသီးနဲ့ရှားစောင်းလက်ပတ်

ဇီးဖြူသီးက ဆံပင်အမြစ်တွေကို အားကောင်းစေတာကြောင့် ဆံပင်ကျွတ်တာကို သက်သာစေတဲ့အပြင် ဆံပင်အရှည်ကိုလည်း မြန်စေပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် ဆံပင်အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် လူသိများပါတယ်။ ရှားစောင်းလက်ပတ်ကလည်း ဆံပင်နဲ့ဦးရေပြားကို အစိုဓာတ်ပေးပြီး ဆံပင်ကို တောက်ပြောင်စေပါတယ်။ ထောင်းထားတဲ့ဇီးဖြူသီးနဲ့ ခြစ်ထားတဲ့ရှားစောင်းလက်ပတ်တို့ကို ဇလုံတစ်ခုထဲမှာ ရောမွှေပြီး ဆံပင်နဲ့ ဦးရေပြားကို အညီအမျှ လိမ်းပေးပါ။ မိနစ် 30 လောက်ထားပြီး ဆံပင်ကို ကြက်သီးနွေးရေနဲ့ ဆေးပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်လောက်သုံးပေးရင် လုံလောက်ပါတယ်။

ထောပတ်သီး

ထောပတ်သီးဟာ အရသာရှိရုံသာမကဘဲဆံပင်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ Omega-3 Fatty Acid ကြွယ်ဝရုံသာမက ရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်များ၊ ဗီတာမင် A, D E နဲ့ Biotin တို့ပါဝင်တာကြောင့် ဆံသားအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးကာ ဆံသားကို ကောင်းမွန်စေပါတယ်။ ကြက်ဥမှာလည်း ဆံပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတာကြောင့် ဆံကေသာတွေကို ကျန်းမာပြီး တောက်ပြောင်စေပါတယ်။ ကြက်ဥ ၁ လုံးနဲ့ အခွံခွာထားတဲ့ ထောပတ်သီး ၁/၂ လုံးကို ရောမွှေပါ။ ဆံပင်အမြစ်ကနေ ဦးရေပြားအထိ လိမ်းပေးပါ။ မိနစ် 40-50 လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပေးပါ။