မျက်ခုံးမွှေးထူထူနဲ့ ဆွဲဆောင်မှုအပြည့်ရှိတာကို မိန်းကလေးတိုင်း လိုချင်တပ်မက်ကြပါတယ်။ ဒါ့ကြောင့်လည်း မျက်ခုံးမွှေးလှလှဆွဲတာတွေ ခေတ်စားနေသလို မျက်ခုံးမွှေးအတုစိုက်တာ Tattoo ထိုးတာတွေလည်း ခေတ်စားနေတာပါ။

သဘာဝနည်းလမ်းနဲ့ မျက်ခုံးမွှေးထူထူရတဲ့ နည်းလမ်း ၅ သွယ်ကို မျှဝေပေးပါမယ်။

(၁) ရှားစောင်းလက်ပက်နဲ့ ဗီတာမင် E ဆီ

ရှားစောင်းလက်ပက်အနှစ် လက်ဖက်ရည်ဇွန်း၁ဇွန်းကို ဗီတာမင် E အဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင်လက်ကိုသေချာဆေးပြီး လက်နဲ့ အဲဒီရောထားတဲ့ဆီတွေကို မျက်ခုံးမွှေးပေါ်လိမ်းပေးပါ။ တစ်ညလုံးထားပြီး မနက်ဖက်မှာ မျက်နှာသစ်ချလိုက်ပါ။

(၂) ကြက်ဆူဆီ (သို့) အုန်းဆီ

ကြက်ဆူဆီ (သို့) အုန်းဆီကို လက်ပေါ်နားကျက်တံက ဂွမ်းလေးနဲ့တို့ပြီး မျက်ခုံးမွှေးပေါ်မှာ အိပ်ယာမဝင်ခင်လိမ်းပေးပါ။ တစ်ညလုံးထားပြီး မနက်ခင်းမှာ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ မျက်ခုံးမွှေးထူထူဖြစ်စေဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

(၃) ကြက်ဥအနှစ်

ကြက်ဥအနှစ်ဟာ မျက်ခုံးမွှေးတွေကို အရှည်မြန်စေဖို့ အားဖြည့်ပေးပါတယ်။ ကြက်ဥတစ်လုံးကိုယူ ခွဲပြီး အနှစ်ကိုသာယူပါ။ ပြီးရင်အနှစ်ကို သေချာမွှေပေးပြီးရင် မျက်ခုံးမွှေးပေါ်လိမ်းပေးပါ။ နားကျက်တံနဲ့ တို့ပြီးလိမ်းပေးပါ။ တစ်ညလုံးထားပြီး မနက်ဖက်မှာ ရေဆေးချပါ။ ၁ ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

(၄) သွားတိုက်တံ

သွားတိုက်တံကိုအသုံးပြုပြီး မျက်ခုံးမွှေးကို သန့်ရှင်းရေးလုပ်ပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး မျက်ခုံးမွှေးကို အရှည်မြန်စေမှာပါ။ ခြောက်သွေ့ပြီး နူးညံ့တဲ့ သွားပွတ်တံနဲ့ မျက်ခုံးမွှေးကို ၂ မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင် အုန်းဆီ (သို့) သံလွင်ဆီလိမ်းပေးထားပါ။

(၅) ကြက်သွန်နီ

ကြက်သွန်နီကို ပါးပါးလှီးပြီး အရည်ညှစ်လိုက်ပါ။ ထွက်လာတဲအရည်ကို ဂွမ်းနဲ့ဆို့ပြီး မျက်ခုံးမွှေးပေါ်လိမ်းပေးကာ တစ်ညလုံးထားပါ။ နေ့တိုင်းလုပ်ပေးပါ။ တစ်ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။