အကုန်အကျသက်သာတဲ့ အိမ်တွင်းသဘာဝထိန်းသိမ်းနည်းလေးတွေနဲ့ Skincare တတ်တဲ့သူတွေရှိလား။ ဒီလိုသဘာဝနည်းတွေက အသားအရေအတွက် တကယ်တမ်း အသုံးဝင်တာတွေလည်းရှိသလို Skin အမျိုးအစားပေါ်မူတည်ပြီး မတည့်တာမျိုးလည်းရှိတာမို့ မသုံးခင်မှာ ကိုယ်နဲ့တည့်မတည့် လေ့လာကြည့်ဖို့ အရေးကြီးပါတယ်။ မတည့်တာတွေမှားပြီး မျက်နှာပေါ်တင်မိရင် အသားအရေထိန်းသိမ်းရာ မရောက်ဘဲ ပိုဆိုးသွားမှာပါ။ ဒီတစ်ခေါက်မှာ Oily Skin ရှိသူတွေအတွက် မသုံးမိအောင်သတိထားရမယ့် အလှအပထိန်းသိမ်းမှု ပစ္စည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အုန်းဆီ

ပထမဆုံးရှောင်ရမှာကတော့ အုန်းဆီပါ။ အရေပြားပေါ်မှာ အုန်းဆီတစ်လွှာသက်သက် ထပ်လိုက်တာက လေဝင်ပေါက်မရှိတော့ဘဲ မွှေးညှင်းပေါက်၊ ချွေးပေါက်လေးတွေ ပိတ်သွားတတ်ပါတယ်။ ပြင်ပက ဖုန်တွေချွေးတွေကလည်း အဆီတွေနဲ့အတူကပ်ပြီး ချွေးပေါက်ထဲပိတ်မိရာကတစ်ဆင့် အရေပြားယားတာ ၊ ဝက်ခြံ Breakout ထွက်တာတွေဖြစ်လာမှာပါ။ ဒါကြောင့်မို့ အဆီပြန်ဝက်ခြံထွက်တတ်တဲ့သူဆိုရင် အုန်းဆီမလိမ်းတာ အကောင်းဆုံးပါပဲ။
၂။ Almond ဆီ

Almond ဆီကိုမျက်နှာမှာ မသုံးသင့်တဲ့ အကြောင်းအရင်းကတော့ သူ့မှာပါတဲ့ အာနိသင်က မျက်နှာရဲ့ T Zone နရာတွေကို အဆီပိုထွက်အောင်လှုံဆော်ပေးနိုင်တာကြောင့်ပါ။ သင်က Oily Skin ရှိတဲ့သူဆိုရင် အဆီပြန်တာကို ပိုပြီးဆိုးစေပါလိမ့်မယ်။
၃။ Petroleum Jelly

Petroleum Jelly ဟာလည်း သူ့ရဲ့ Texture ကိုယ်တိုင်က ပျစ်ပြီးထူတာမို့ လိမ်းလိုက်တဲ့အခါ အရေပြားနဲ့ Blend မဖြစ်ဘဲ ချွေးပေါက်ပိတ်စေပါတယ်။ ဒီလိုနဲ့ အဆီပြန်အသားအရေကြောင့် ချွေးပေါက်ထဲက ထွက်လာတတ်တဲ့ အဆီ၊ ချွေး၊ ဆဲလ်သေတွေအကုန် ချွေးပေါက်ထဲပိတ်မိပြီး ဝက်ခြံပြဿနာနဲ့ကြုံရမှာပါ။
၄။ Beeswax

အချို့သဘာဝနည်းတွေနဲ့ပေါင်းတင်တဲ့အခါ ဗီတာမင် A ဓာတ်ကြွယ်ဝတဲ့ Beeswax ဖယောင်းကို ထည့်သုံးတတ်ကြပါတယ်။ ဒါပေမယ့် Oily Skin ရှိတဲ့သူတွေကတော့ မသုံးသင့်ပါဘူးနော်။ သူ့ရဲ့ Texture ကလည်း စေးကပ်ပြီး Heavy ဖြစ်တာမို့ လိမ်းပြီးတဲ့နောက် စိမ့်ဝင်မှုမရှိဘဲ ချွေးပေါက်ပိတ်စေမှာပါ။
၅။ Cocoa Butter

Cocoa Butter လည်း အလားတူပါပဲ။ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်စေတာမို့ Oily Skin ရှိသူတွေအနေနဲ့ Cocoa Butter ထည့်ပြီး ပေါင်းတင်တာ၊ သူပါတဲ့ Skincare တွေသုံးတာမျိုး အတတ်နိုင်ဆုံးရှောင်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar