အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ လက်ပြတ်တွေဝတ်တဲ့အခါမှာ ဂျိုင်းမဲနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပျောက်ဆုံးသွားစေပါတယ်။ ဘာပဲဝတ်ဝတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အလှဆုံးဖြစ်နေစေဖို့အတွက် ဂျိုင်းသားဖြူနေဖို့ကလည်း အရေးပါတဲ့အရာတစ်ခုပါပဲ။ ဒါကြောင့် ဂျိုင်းဖြူချင်တဲ့သူတွေအတွက် သဘာဝအတိုင်းဖြူလာစေမယ့် နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ ၅ မျိုးထဲက ကိုယ်နဲ့အဆင်ပြေတာ တစ်မျိုးကိုရွေးပြီး ပုံမှန်လုပ်သွားပေးရုံပါပဲ။

Apple Cider Vinegar

Apple Cider Vinegar ကို cotton pad နဲ့ယူပြီး ဂျိုင်းမှာပွတ်ပေးထားပါ။ ခြောက်သွားပြီဆိုရင် ရေနဲ့ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးသွားရင် ဂျိုင်းဖြူလာစေပါတယ်။

Aloe Vera Gel (ရှားစောင်းလက်ပတ်ဂျယ်လ်)

Aloe Vera Gel (ရှားစောင်းလက်ပတ်ဂျယ်လ်) ကို ဂျိုင်းမှာပွတ်လိမ်းပြီး ၁၅ မိနစ်ထားပေးပါ။ အချိန်ပြည့်မှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလည်း ပုံမှန်လုပ်ပေးသွားရင် ဂျိုင်းဖြူလာစေပါတယ်။

Baking Soda And Lemon (မုန့်ဖုတ်ဆိုဒါနဲ့ သံပယိုရည်)

Baking Soda (မုန့်ဖုတ်ဆိုဒါ) – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သံပယိုရည် အနည်းငယ်တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဂျိုင်းမှာ ၅ မိနစ်လောက် ပွတ်ပေးပါ။ scrub လုပ်သလိုမျိုး ပွတ်ပေးနေရမှာပါ။ ပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ ဆေးချပြီး moisturizer တစ်ခုခုလိမ်းထားပေးပါ။ တစ်ပတ်မှာ ၃ ကြိမ်လုပ်ပေးပြီးရင်တော့ သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာပါ။ တစ်ခုရှိတာကတော့ စစလုပ်ချင်းမှာ တစ်ပတ် ၃ ကြိမ်လုပ်ပြီးရင် နောက်ပိုင်းတွေမှာတော့ တစ်ပတ်ကို တစ်ကြိမ်ပဲ လုပ်ပေးပါ။

သကြားနဲ့သံလွင်ဆီ

သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းဲ့ သကြား ပန်းကန်လုံးသေးတစ်လုံးစာတို့ကို ရောမွှေပြီး ၂ မိနစ်ထားထားပါ။ ပြီးရင်တော့ ဂျိုင်းကို ပွတ်ပြီး ၅ မိနစ် (သို့) ၁၀ မိနစ်လောက် scrub လုပ်ပေးပါ။ နောက်ဆုံးမှာတော့ ရေအေးနဲ့ပဲ ဆေးချပေးပါ။

အာလူး

အာလူးကို ပါးပါးလေးတွေလှီးပြီး ဂျိုင်းမှာ ၁၀ မိနစ်လောက်ပွတ်ပေးပါ။ ပုံမှန်နေ့တိုင်းလုပ်ပေးသွားရင် ဂျိုင်းမဲတာတွေသက်သာပြီး ဂျိုင်းဖြူလာစေပါတယ်။

source: www.swirlster.ndtv.com