ကိုယ့်မျက်နှာကို သေချာကြည့်မယ်ဆိုရင် အပေါ်နှုတ်ခမ်းနားတစ်ဝိုက်မဲနေတာမျိုးကို တွေ့ရမှာပါ။ တချို့ကမသိသာပေမယ့် တချို့ကျ မဲတာက အရမ်းသိသာပါတယ်။ အဲ့လိုမဲနေတာမျိုးကို မကြိုက်တဲ့သူတွေအတွက် အပေါ်နှုတ်ခမ်းနားတစ်ဝိုက်မဲတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Potato Juice

Potato juice ရဖို့အတွက် အာလူးကို သေးသေးလေးတွေဖြစ်အောင်ခြစ်ပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့ potato juice ကိုမှ ဂွမ်းလုံးလေးနဲ့တို့ယူပြီး မဲနေတဲ့နှုတ်ခမ်းနားတစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ တစ်ညထားပြီး မနက်ရောက်မှာ မျက်နှာသစ်ပါ။ သိသာတဲ့ result ရဖို့အတွက် တစ်ပတ်မှာ ၃ ကြိမ် လုပ်ပေးရပါမယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ နှုတ်ခမ်းနားတစ်ဝိုက်မဲနေတာက ပါးပြီးပျောက်သွားမှာပါ။

သကြားနဲ့သံပယိုသီး

သံပယိုသီးကို အကွင်းလေးလှီးပြီး အဲ့အပေါ်ကို သကြားဖြူးပါ။ ပြီးရင်တော့ မဲနေတဲ့ နှုတ်ခမ်းနားတစ်ဝိုက်ကို ပွတ်ပေးပါ။ နေ့တိုင်း တစ်နေ့ကို ၃ မိနစ်လောက် ပွတ်ပေးမယ်ဆိုရင်တော့ နှုတ်ခမ်းနားတစ်ဝိုက်မဲတာတွေက သက်သာလာမှာပါ။

လိမ္မော်သီးအခွံ

လိမ္မော်သီးအခွံကို blender ထဲထည့်ကြိတ်ပြီး အမှုန့်တွေရလာပြီဆိုရင် ဒိန်ချဉ်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။ ပြီးရင်အဲ့တာကို မဲနေတဲ့ နှုတ်ခမ်းနားတစ်ဝိုက်မှာ လိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးမှ သိသာတဲ့ result ကို ရရှိမှာပါ။

နနွင်းနဲ့ပေါင်းတင်ခြင်း

နနွင်းနဲ့ မျက်နှာပေါင်းတင်ပေးရင်လည်း နှုတ်ခမ်းနားတစ်ဝိုက်မဲနေတာတွေ၊ အသားအရောင်မညီတာတွေ သက်သာပြီး လျော့ပါးသွားစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရမ်းချဉ်သီးအရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – အနည်းငယ်တို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းကာ ပေါင်းတင်ပေးရမှာပါ။ မိနစ် ၂၀ ထားပြီးရင် ရေခဲရေနဲ့ မျက်နှာသစ်ပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၃ ကြိမ်လုပ်ပေးပါ။

Carrot Juice

Carrot juice ရဖို့အတွက် မုန်လာဥနီကို blender နဲ့ကြိတ်ပြီး အရည်ကြည်လေးတွေရအောင် အဝတ်တစ်ခုထဲထည့်ကာ ညှစ်ချပါ။ ရလာတဲ့ carrot juice ကိုမှ ဂွမ်းလုံးလေးနဲ့တို့ယူပြီး မဲနေတဲ့ နှုတ်ခမ်းနားတစ်ဝိုက်မှာ ပွတ်ပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။