နွေရာသီမှာ ဆံသားပျက်စီးတာ၊ နေလောင်တာ၊ ဆံသားခြောက်တာ၊ ဗောက်ထပြီးယားတာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီအတွက် အသုံးဝင်စေမယ့် သဘာဝဆံပင်ပေါင်းတင်နည်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီး၊ ထောပတ်သီးနဲ့ ဆံပင်ပေါင်းတင်နည်း

ငှက်ပျောသီးတစ်လုံးနဲ့ ထောပတ်သီးအမှည့်ကို ရောကြိတ်ပြီး ပျားရည်နည်းနည်းထည့်မွှေပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားမှာ သေချာလိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီပေါင်းတင်နည်းကတော့ နွေရာသီမှာ ဆံသားခြောက်ပြီး ဖွာတာမျိုးတွေကို သက်သာစေပြီး ဆံသားအတွက်လိုအပ်တဲ့ moisture အပြည့်အဝရစေပါတယ်။ ဦးရေပြားကျန်းမာစေပြီး ဆံပင်သန်စေပါတယ်။

ဒိန်ချဉ်၊ ပျားရည်၊ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်နည်း

ကြက်ဥတစ်လုံးကို ပျားရည်၊ ဒိန်ချဉ် – အနည်းငယ်နဲ့ရောခလောက်ပြီး မွှေပေးပါ။ ပြီးရင်တော့ ဆံသားအနှံ့သေချာလိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီပေါင်းတင်နည်းကတော့ ဆံသားပျက်စီးနေတာတွေကို သက်သာစေပြီး နွေရာသီမှာ ဆံသားခြောက်သွေ့တာ၊ ဖွာတာတွေကိုလည်း သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။

သကြား၊ အုန်းဆီနဲ့ ဆံပင်ပေါင်းတင်နည်း

သကြားနဲ့ အုန်းဆီကို ရောမွှေပြီး tea tree oil ပါ အနည်းငယ်ထည့်မွှေပါ။ ပြီးရင်တော့ ဆံသားနဲ့ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပြီး တစ်နာရီထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။

ဒီပေါင်းတင်နည်းကတော့ နွေရာသီမှာ ဦးရေပြားယားပြီး ဗောက်ထတာတွေကို သက်သာစေပြီး သကြားက ဦးရေပြားကို exfoliate လုပ်ပေးတာကြောင့် ဦးရေပြားသန့်စင်စေပါတယ်။

Mayonnaise နဲ့ စတော်ဘယ်ရီ ဆံပင်ပေါင်းတင်နည်း

Mayonnaise နဲ့ စတော်ဘယ်ရီကို ရောချေပြီးမွှေပေးပါ။ ပြီးရင်တော့ ဆံသားအနှံ့သေချာလိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ပေးပါ။

ဒီပေါင်းတင်နည်းကတော့ နွေရာသီမှာ ဆံသားခြောက်ပြီးဖွာတာ၊ ဆံပင်အရောင်မှိုင်းတာတွေကို သက်သာစေပြီး ဆံသားတောက်ပြောင်စေတယ်၊ ဆံသားပျော့စင်းစေပါတယ်။

Coconut Cream နဲ့ ဆံပင်ပေါင်းတင်နည်း

Coconut cream ကိုယူပြီး ဦးရေပြားနဲ့ ဆံသားအနှံ့လိမ်းပေးကာ လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို massage လုပ် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးငွေ့နဲ့ပေါင်းထားတဲ့ towel ကိုယူပြီး ဆံပင်ပေါင်းထားပေးပါ။ မိနစ် ၃၀ ထားပြီးမှ ခေါင်းလျှော်ပါ။

ဒီဆံပင်ပေါင်းတင်နည်းကတော့ နွေရာသီမှာ ဆံသားခြောက်သွေ့တာကို သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။ ဦးရေပြားသွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။