ဂျိုင်းမဲတာက စိတ်ညစ်စရာမဟုတ်ပါဘူး။ ဂျိုင်းမဲတာ သက်သာပြီး ဖြေးဖြေးချင်းစီ ဖြူလာအောင် လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ငွေအကုန်အကျသက်သာတဲ့ အလွယ်ကူဆုံးနည်းလမ်း ၅ မျိုးကို ရွေးချယ်ပြီး မျှဝေပေးလိုက်ပါတယ်။ ၅ မျိုးတောင်ဆိုတော့ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီး လုပ်လို့ရတာပေါ့။ ဂျိုင်းနေရာက ဖြူဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် သေချာစိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်လက်ပတ်ရဲ့ အတွင်းသားဂျယ်လ်နဲ့ ဂျိုင်းကိုပွတ်ပေးပြီး ၁၅ မိနစ်လောက်ထားပါ။ အချိန်ပြည့်မှ ရေနဲ့သန့်စင်လိုက်ပါ။ ဒီနည်းလမ်းက ဂျိုင်းသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးပြီး dead skin cells တွေကိုလည်း ဖယ်ရှားပေးတာကြောင့် ဂျိုင်းသားမဲညစ်နေတာတွေ သက်သာလာစေတယ်၊ ဂျိုင်းသားပိုကြည်လင်ပြီး ဖြူလာစေပါတယ်။

သံလွင်ဆီနဲ့သကြားညို

သံလွင်ဆီနဲ့ သကြားညိုကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ဆတူရောမွှေပြီး ဂျိုင်းကို ဖြေးဖြေးချင်းစီပွတ်ကာ scrub လုပ်ပေးရမှာပါ။ ၂ မိနစ်၊ ၃ မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင် ၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးပါ။

Apple cider vinegar

Apple cider vinegar နဲ့ မုန့်ဖုတ်ဆိုဒါကိုလည်း စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ဆတူရောမွှေပြီး ဂျိုင်းမှာလိမ်းပေးပါ။ ၁၀ မိနစ်ကြာမှ ရေခဲရေနဲ့ သန့်စင်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးရင် ပိုကောင်းပါတယ်။

အာလူး

အာလူးကို အချပ်လေးတွေလှီးပြီး ဂျိုင်းမှာ ပွတ်ပေးရမှာပါ။ နေ့တိုင်း တစ်နေ့ကို ၂ ကြိမ် ပုံမှန်ပွတ်ပေးပါ။ ဂျိုင်းမဲတာတွေ သက်သာပြီး ဖြေးဖြေးချင်းစီ ဖြူလာပါလိမ့်မယ်။

သံပယိုသီး

သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး ဂျိုင်းမှာ စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ၃ မိနစ်လောက် ပွတ်ပေးပြီးရင် ရေနဲ့သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ ရေချိုးခါနီးတိုင်းသာ ပုံမှန်လုပ်ပေးပါ။ ၁၅ ရက်လောက်နဲ့ ဂျိုင်းမဲတာတွေ သက်သာပြီး ဖြေးဖြေးချင်းစီ ဖြူလာပါလိမ့်မယ်။