မင်္ဂလာပါနော်။ အကြောပြတ်ရာပေါ်တာက လူတိုင်းနီးပါး အနည်းနဲ့အများဖြစ်တတ်တာမို့ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သိသိသာသာမြင်နေရတဲ့ အကြောပြတ်ရာတွေက တစ်ခါတစ်ရံ သင့်ကို စိတ်အနှောက်အယှက်ပေးပြီး Confident လည်းလျော့စေတာမို့ ပြန်လည်သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးလိုက်ပါတယ်။ အကုန်အကျနည်းတဲ့ သဘာဝနည်းတွေဖြစ်တာမို့ လုပ်ရလည်းလွယ်သလို ဘေးထွက်ဆိုးကျိုးမရှိဘဲ သက်သာလာဖို့ ကူညီပေးနိုင်မှာပါ။

၁။ အသားအရေအစိုဓာတ်ရအောင် ပြုလုပ်ပေးပါ

အသားခြောက်တာက အကြောပြတ်ရာတွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် သင့်အရေပြား သဘာဝအတိုင်း အစိုဓာတ်ရဖို့ ရေများများသောက်ပေးပါ။ ရေများများသောက်တာက အသားလည်းကြည်သလို အကြောပြတ်ရာတွေ ထပ်မဖြစ်အောင် ကာကွယ်ပြီးသားလည်းဖြစ်စေမှာပါ။ တစ်နေ့ကို ပျမ်းမျှ ရေ ၈ ခွက်လောက် သောက်ပေးသင့်ပါတယ်။

၂။ ဝိတ်ပြန်ထိန်းပါ

အချိန်တိုအတွင်း ဝိတ်တက်လာတဲ့အခါမျိုးမှာလည်း အကြောပြတ်ရာတွေပေါ်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့အညီ မျှတအောင်စားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ကာ ဝိတ်ထိန်းထားပေးပါ။ အကြောပြတ်ရာသက်သာစေမယ့် လေ့ကျင့်ခန်းတွေရှာပြီး လိုက်လုပ်ကြည့်တာမျိုးလည်း လုပ်နိုင်ပါတယ်။

၃။ Vitamin C နဲ့ D ပါဝင်တဲ့ စားသောက်မှုပုံစံရှိဖို့လိုပါတယ်


Photo Source: iwmbuzz.com
အာဟာရမရှိတဲ့ စားသောက်ပုံတွေက သင့်ကျန်းမာရေးကိုထိရုံမကဘဲ ခန္ဓာကိုယ်အကြောပြတ်ရာတွေကိုပါ ဖြစ်စေပါတယ်။ Vitamin C ၊ D နဲ့ Zinc စတဲ့ အာဟာရဓာတ်တွေ ပါဝင်အောင် စာသုံးပေးပါ။ အရေပြားတင်းရင်းစေတဲ့ ခန္ဓာကိုယ်တွင်း Collagen ဓာတ်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး အရေးအကြောင်းတွေသက်သာအောင် ထောက်ပံ့ပေးပါလိမ့်မယ်။

၄။ ရှားစောင်းလက်ပတ်နဲ့ Scrub လုပ်ပေးပါ

အကြောပြတ်တဲ့နေရာတွေကို သဘာ၀ ရှားစောင်းလက်ပတ် ပွတ်လိမ်းပြီး Scrub လုပ်ပေးတာကလည်း အမာရွတ်နဲ့ အကြောပြတ်ရာတွေကို သက်သာစေပါတယ်။ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်အထိ လိမ်းထားတာမျိုး ပြုလုပ်ပေးပါ။ သိသာတဲ့ရလဒ်အတွက် တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးဖို့လိုပါတယ်။

၅။ Tea Tree အဆီ ဒါမှမဟုတ် သံလွင်ဆီလိမ်းပေးပါ

အကြောပြတ်ရာသက်သာဖို့ သံလွင်ဆီ နဲ့ Tea Tree အဆီ တွေကိုလည်း လိမ်းပေးနိုင်ပါတယ်။ ဒီလို သဘာဝအဆီတွေမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေက အရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး အမာရွတ်နဲ့ အကြောပြတ်ရာတွေ တဖြည်းဖြည်းပါးလာအောင် ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar