ဆံပင်ရှည်ရင် ပြင်လို့ဆင်လို့အရမ်းကောင်းပါတယ်။ ဆံပင်ကိုအမျိုးမျိုးပြင်လို့လည်းလှသလို၊ hair accessories လေးတွေတပ်ရင်လည်း အရမ်းလှပါတယ်။ တချို့မိန်းကလေးတွေဆိုရင် hair accessories မျိုးစုံကိုဝယ်တတ်ကြပါတယ်။ တချို့မိန်းကလေးတွေကျတော့လည်း အဲ့လိုအများကြီးတွေဝယ်ပြီး ပြင်ဆင်လေ့သိပ်မရှိကြပါဘူး။ ဒါကြောင့် ဆံပင်ရှည်တဲ့မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ hair accessories (၅) မျိုးကို ပြောပြပေးလိုက်ပါတယ်။ အများကြီးမဝယ်ထားချင်ရင်တောင် ဒီ ၅ မျိုးရှိရုံနဲ့တင် အမျိုးမျိုးပြင်ဆင်လို့ရနေပါပြီ။

Ribbon

Ribbon ဖဲပြားလေးတွေက မိန်းကလေးတိုင်းနဲ့ လိုက်ပါတယ်။ အကြီးကြီးတွေဆို ပိုတောင်လှပါသေးတယ်။ တစ်ဝက်စည်းကလစ်အကြီးတွေပဲဖြစ်ဖြစ်၊ ခေါင်းစည်းကြိုးမှာ ဖဲပြားပါတာပဲဖြစ်ဖြစ် တစ်ခုခုသာဝယ်ထားပါ။ သူကတပ်လိုက်တာနဲ့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းသွားပါတယ်။

Barrette

ဆံပင်ရှည်တဲ့သူတွေက ဆံပင်ကိုအကုန်စုမစည်းရင်တောင် တစ်ဝက်စည်းထားရင် အရမ်းလှပါတယ်။ ဒီလို ဆံပင်တစ်ဝက်စည်းတဲ့အခါမှာ ကလစ်လှလှလေးတွေနဲ့ဆို ပိုပြီးလှတာပေါ့။ ဒါကြောင့် Barrette လို့ခေါ်တဲ့ ကလစ်လှလှလေးသာ ဆောင်ထားပါ။

Headband

Headband ဘီးကုတ်တွေက မိန်းကလေးတိုင်းတော့ ပန်လေ့မရှိပါဘူး။ ဒါပေမယ့် ဆံပင်ရှည်တဲ့သူတွေဆိုရင်တော့ ဆံပင်ကိုအမျိုးမျိုးပြင်လို့ရအောင် တစ်ခုလောက်တော့ ဆောင်ထားသင့်ပါတယ်။

Scrunchies

ဆံပင်တိုတို၊ ရှည်ရှည် Scrunchies လေးတွေကတော့ လိုပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် Scrunchies လှလှလေးတွေလည်း အများကြီးပေါ်သလို၊ အရမ်းလည်းခေတ်စားနေတာကြောင့် Scrunchies ခေါင်းစည်းကြိုးလေးတွေ များများသာဝယ်ထားပါ။

Hair Clips

ဆံပင်အရှည်လေးဆိုရင် အမျိုးမျိုးပြင်လို့လှတာကြောင့် Hair Clips လှလှလေးတွေ၊ ချစ်ဖို့ကောင်းတာလေးတွေကို ဆောင်ထားသင့်ပါတယ်။ ဆံပင်လေးဒီတိုင်းချပြီး တစ်ဖက်ထဲကိုပဲ ကလစ်လေးတပ်ထားလည်း အရမ်းလှပါတယ်။