သင်က စာလုပ်ဖို့ ပျင်းနေတဲ့သူဆိုရင် ဒီအချိန်မှာ စာက လွဲရင် အကုန်လုံး လုပ်ချင်နေမှာပါ။ မလုပ်ဖူးတဲ့ ကိစ္စသေးသေးလေးတွေလည်း လုပ်ချင်နေတတ်ပါတယ်။ သတင်းကောင်းက သင်က စာမလုပ်ချင်ရင် တခြား လုပ်လို့ ရတာ ရှိပါသေးတယ်။ ဒါအ့ပြင် ဒီအရာက စာပြန်လုပ်ဖို့ အားဖြစ်စေပါလိမ့်မယ်။ ဒီလုပ်ရမယ့် အရာက ရုပ်ရှင်ကြည့်တာပါ။ ရုပ်ရှင်မှာမှ သင့်စိတ်ကို အားတက်ပြီး စာလုပ်ချင်စိတ် ပြန်ဖြစ်စေမယ့် ရုပ်ရှင်ကားမျိုးကို ရွေးရပါမယ်။ ဒီတော့ စာပြန်ကျက်ချင်စိတ်ဖြစ်အောင် တွန်းပို့ပေးမယ့် ဇာတ်လမ်းတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Homeless to Harvard: The Liz Murray Story 2003

တကယ့် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ မိန်းကလေး Liz Murray က အသက် ၁၅ နှစ်အရွယ်မှာပဲ သူမ မိခင်က AIDS ရောဂါနဲ့ ဆုံးပါးသွားပြီးနောက် အိမ်ခြေရာမဲ့ ဘဝကို ရောက်ခဲ့ပါတယ်။ နေစရာ အိမ်မရှိတဲ့ ဘဝကနေ ကမ္ဘာ့အသိအမှတ်ပြု Harvard တက္ကသိုလ်မှာ တက်ရောက်ဖို့ ဘယ်လို ကြိုးစားခဲ့လဲ အားတက်ဖွယ် ကြည့်ရှုရမှာပါ။ ၏

၂။ The Social Network 2010

သင်တို့ အင်မတန် သဘောကျရတဲ့ Mark Zuckerberg အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်နဲ့ ၄၀ ရာခိုင်နှုန်းပဲ တူတယ်လို့ ဆိုထားကြပါတယ်။ Mark Zuckerberg က ကမ္ဘာကျော် Social Network တစ်ခုကို တည်ထောင်ဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲ သင်သိလာပါလိမ့်မယ်။

၃။ The Intern 2015

သင်က ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး တစ်ယောက်အကြောင်း ကြည့်ချင်ရင်တော့ “The Intern” ကို ကြည့်သင့်ပါတယ်။ “The Intern” ကို ကြည့်ပြီးနောက် သင်အရင်ထက် ကြိုးစားချင်စိတ်တွေ ပိုတိုးလာပါလိမ့်မယ်။

၄။ 3 Idiots 2009

အရာရာ အဆင်ပြေသွားမယ်လို့ ပြောလေ့ရှိတဲ့ Rancho ကို သင်မှတ်မိဦးမှာပါ။ သူငယ်ချင်း လူငယ်ဘဝကို ပြန်တမ်းတစေနိုင်သလို သင့်လက်တွေ့ဘဝမှာလည်း Rancho တို့ သူငယ်ချင်း သုံးယောက်လို ကြိုးစားသင့်ကြောင်း အတွေးဝင်လာပါလိမ့်မယ်။

၅။ An Education 2009

လူငယ်ဘဝ ကျောင်းနဲ့ အချစ်ရေးကို တွဲဖက်ကြည့်နိုင်မယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကိုက An Education မို့လို့ သင်မကြည့်ခင် ပျင်းသွားနိုင်ပေမယ့် ကြည့်သင့်တဲ့ ရုပ်ရှင်ကား တစ်ကားပါ။

Photo Source: Pinterest

By MyStyle Myanmar