ရာသီခွင်တွေထဲမှာ သာမန်ထက် ပိုပြီးတော့ စိတ်ဓာတ်မာကြောတဲ့ရာသီခွင်တွေရှိပါတယ်။ ဒီရာသီခွင် (၅) ခုကတော့-

၁။ Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေက သူတို့ တန်ဖိုးထားတဲ့အရာအတွက် တစိုက်မတ်မတ် ကြိုးစားကြပါတယ်။ ပန်းတိုင်ရောက်မှ ရပ်ကြပါတယ်။ သူတို့လိုချင်တဲ့အရာကို ရအောင်ယူတတ်ကြပါတယ်။ ဒါကြောင့် စိတ်ဓာတ်အမာကြောဆုံး ရာသီခွင်ထဲ နေရာယူနေတာပါ။

၂။ Aries (March 21 – April 19)

Aries တွေက စွန့်စားလိုစိတ်ပြင််းပြပါတယ်။ အမြဲအင်အားတွေပြည့်နေပြီး တက်ကြွကြပါတယ်။ အကြောက်အလန့်နည်းပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ ခေါင်းဆောင်စိတ်အပြည့်အဝရှိပါတယ်။ မဟုတ်မခံတဲ့စိတ်ကြောင့် ဘဝမှာ ရန်သူတွေလည်းရှိတတ်ပါတယ်။

၃။ Leo (July 23 – August 22)

Leo ရာသီဖွားတွေက ခေါင်းမာကြပါတယ်။ လူတွေကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ မာနလည်းကြီးပါတယ်။ ဒါကြောင့်မျက်နှာကြောက အမြဲတင်းနေတတ်ပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် သတ္တိရှိရှိရင်ဆိုင်ကြပါတယ်။ သူတို့ပန်းတိုင်ကို ရောက်ဖို့ နည်းဗျူဟာတွေနဲ့ကြိုးစားကြပါတယ်။

၄။ Cancer (June 21 – July 22)

ဒီရာသီမွေးဖွားသူတွေက ဇွဲကောင်းကြပါတယ်။ ရည်မှန်းချက်ကြီးကြပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ဘဝမှာ ကြိုးစားရင် မဖြစ်နိုင်တာ မရှိဘူးလို့ ယုံကြည်ထားသူတွေပါ။ အသစ်အသစ်တွေကို ရင်ဆိုင်ရင်း စိတ်ဓာတ်အမာကြောဆုံးဖြစ်နေတတ်ပါတယ်။

၅။ Aquarius (January 20 – February 18)

Aquarius ရာသီခွင်တွေက ဉာဏ်ကောင်းကြပါတယ်။ ပြဿနာတွေကို အလွယ်တကူဖြေရှင်းတတ်ကြတာကြောင့် ရှိရင်းစွဲအသက်ထက် ပိုရင့်ကျက်နေတတ်ပါတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ Aqua တွေရဲ့ စရိုက်ကြောင့်စိတ်ဓာတ်အခိုင်မာဆုံးဖြစ်နေတာပါ။

Photo Source: Pinterest

By MyStyle Myanmar