တချို့တွေက ကိုယ်ခံစားတာကို အပြင်ကို ဖွင့်ထုတ်လိုက်ရမှ ပေါ့သွားသူတွေ ရှိပါတယ်။ သူတို့ အတွေး၊ ခံစားချက်ကို တခြားသူသိအောင် ပြောဆို၊ ပြုမူတတ်ကြပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ကိုးရီးယား ဒရာမာထဲကလိုပဲ ခံစားချက်ကို အပြင် ထုတ်မပြဘဲ မြိုသိပ်ထားတတ်ကြပါတယ်။ သင်က ဒီလိုလူမျိုးတွေနဲ့ ရင်းနှီးမယ်ဆိုရင် သူတို့အကြောင်း သိတယ် ထင်ရပေမယ့် တကယ်တော့ ဘာမှ မသိသေးပါဘူး။ အခုဖော်ပြထားတဲ့ ရာသီခွင်တွေကတော့ သူတို့ ခံစားချက်တွေကို တခြားသူဆီမှာ ရင်မဖွင့်ချင်ကြပါဘူး။ ဘာလို့ ရင်မဖွင့်တာလဲဆိုတော့ မသိစေချင်လို့ပါ။ ဘယ်သူတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ Aquarius

Aquarius ရာသီဖွားတွေက လက်တွေ့ကျကျ တွေးပြီး လက်တွေ့ကျကျ ပြုမူတတ်ပါတယ်။ သူတို့ ဘယ်လို ခံစားနေရလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ခံစားချက်တွေကို ရယ်မောခြင်းနဲ့ ဖုံးကွယ်တတ်ပါတယ်။

၂။ Virgo

Virgo တွေက သူတို့ ခံစားချက်တွေကို တခြားသူဆီမှာ ရင်ဖွင့်ပြရတဲ့အထိ ဒီလူတွေအပေါ် ယုံကြည်မှု မရှိသူတွေပါ။ ဘယ်သူ့ကိုမှ မယုံဘဲ သူတို့ကိုယ် သူတို့ ကာကွယ်ရင်း ရေခဲတုံးကြီးလို အေးစက်တတ်ကြပါတယ်။

၃။ Sagittarius

လွတ်လပ်ခြင်း၊ အမှီအခိုကင်းခြင်းက Sagittarius ရာသီဖွားတွေရဲ့ အဓိက ဦးစားပေးပါ။ တင်းမာတဲ့ အခြေအနေ တစ်ခုကို ဟာသနှောရင်း ဖြိုခွဲတတ်သူတွေက Sagittarius ရာသီဖွားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို တခြားသူဆီ ထုတ်မပြတတ်ကြပါဘူး။

၄။ Gemini

Gemini တွေက ငြင်းပယ်ခံရမှာကို အပြင်းအထန် ကြောက်ကြသူတွေ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက် အပေါ် သံယောဇဉ်မကြီးရဲကြဘဲ သူတို့ ထားခဲ့မှာ ကြောက်လို့ စိတ်ချင်း မရင်းနှီးတတ်ကြပါဘူး။ အပြောကောင်းသူတွေ ဖြစ်ပေမယ့် စိတ်ချင်းအရတော့ ဆက်သွယ်လေ့မရှိကြသူတွေပါ။

၅။ Aries

Aries ရာသီဖွားတွေက စိတ်ခံစားချက်တွေကို ထုတ်မပြချင်တာမဟုတ်ဘဲ တခြား အရေးပါတဲ့ အရာတွေဖြစ်တဲ့ သူတို့ အိပ်မက်၊ ရည်မှန်းချက်တွေ နောက်ကို လိုက်နေရလို့ပါ။ ဒီရာသီဖွားတွေက သူတို့ ကိုယ်သူတို့ပဲ အာရုံစိုက်လေ့ရှိကြပြီး ခံစားချက်တွေကို ထုတ်မပြတတ်ကြပါဘူး။

Photo Source: Pinterest

By MyStyle Myanmar