လောကတွင် အချိန်ပြည့်ကြည့်ကောင်းနေစေဖို့ အမျိုးသမီးများသာမက အမျိုးသားများပါ တောင့်တမျှော်မှန်းတတ်ကြပါတယ်။ ထို့အတွက်လည်း မျက်နှာ၊ ကိုယ်လုံး၊ ဖက်ရှင် အစရှိသည်တို့ကို အချိန်အများကြီးပေး၍ ကြည့်ကောင်းအောင် အသေးစိတ်ဂရုတစိုက် ပြင်ဆင်လေ့ရှိကြပါတယ်။ လူအများ၏အမြင်မှာ ရာနှုန်းပြည့်အကောင်းဆုံးဖြစ်စေဖို့ ကြိုးစားလိုသည့်အတွက် တခါတလေမှာ အမှားလုပ်မိတတ်တာများလည်းရှိပါတယ်။ ထို့ကြောင့် အကောင်းဆုံးဖြစ်ချင်စိတ်ဖြင့် ကြိုးစားသည့်အခါ မသိနားမလည်ဘဲ ပြုလုပ်လိုက်မိသည့် အမှားများထဲမှ ဆံကေသာဆိုင်ရာအမှားအချို့ကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

အမှား (၁) – ခေါင်းလျှော်ရည်အရွေးမှားခြင်း

ဆံကေသာကိုဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်မှာ သင်ရွေးချယ်လိုက်သည့်ခေါင်းလျှော်ရည်ပေါ်တွင် အများကြီးမူတည်နေပါတယ်။ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်အတွက် သင့်ဆံသားအမျိုးအစားနှင့်ကိုက်ညီမှုရှိသည့် ခေါင်းလျှော်ရည်ကို အသုံးပြုရန်မှာ အင်မတန်အရေးကြီးပါတယ်။

အမှား (၂) – ခေါင်းလျှော်ရည်ကို မှားယွင်းသည့်နည်းလမ်းဖြင့် အသုံးပြုမိခြင်း

ခေါင်းမလျှော်ခင်အချိန် သင့်ခေါင်းကိုသေချာစနစ်တကျ ဖြီးပေးပါ။ သင်အသုံးပြုရမည့်ခေါင်းလျှော်ရည်ပမာဏအား မိမိ၏ဆံပင်အရှည်ပေါ်မူတည်၍ တွက်ချက်နိုင်ပါတယ်။ အသုံးပြုသည့်အခါမှာလည်း လက်မလွန်သွားမိဖို့ အလွန်သတိထားရမှာဖြစ်ပါတယ်။

လက်ဖဝါးထဲသို့ ခေါင်းလျှော်ရည်ကိုထည့်ပြီး အမြုပ်ထသည်အထိ ပွတ်ပေးပါ။ ထို့နောက် ဆံသားအမြစ်အောက်ခြေများသို့ လိမ်းကြံပေးပါ။ ဦးရေပြားကို လက်သည်းဖြင့် ခြစ်မိခြင်းမှ ရှောင်ရှားရန်အတွက် လက်ထိပ်လေးများဖြင့်သာ ထိ၍နှိပ်နယ်ပေးပါ။ ခေါင်းလျှော်နေစဉ်တစ်လျှောက်လုံး ဆက်တိုက်နှိပ်နယ်ပေးခြင်းက ဆံသားအရင်းအမြစ်များကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

အမှား (၃) – မှားယွင်းသည့်ရေအပူချိန်ကို အသုံးပြုမိခြင်း

ခေါင်းလျှော်သည့်အခါ အပူချိန်လွန်ကဲသည့် ရေကိုအသုံးပြုခြင်းသည် အင်မတန်လေးနက်သည့် ပြဿနာတစ်ခုဖြစ်ပါတယ်။ ရေပူသည် သင့်ဆံကေသာအရောင်ကို ချွတ်ပစ်လိုက်ပြီး အဆီထွက်စေသည့် အကြိတ်များကို ဖြစ်ပေါ်လာစေပါတယ်။ ထို့အတွက် ကြက်သီးနွေးညင်းရုံရှိသည့် ရေကိုသာအသုံးပြုခြင်းက အညစ်အကြေးများကို ဖယ်ရှားပေး၍ သွေးလည်ပတ်မှုကိုကောင်းမွန်စေမှာဖြစ်ပါတယ်။

ခေါင်းလျှော်ခြင်းကို အဆုံးသတ်သည့်အခါ ရေအေးအေးလေးဖြင့် ဆေးကြောသန့်စင်ပေးခြင်းက ဆံသားအရင်းအမြစ်ရှိ သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ သင့်ဆံသားကို ပြောင်လက်တောက်ပလာစေနိုင်ပါတယ်။

အမှား (၄) – ဆံသားကိုတဘက်ဖြင့်လိပ်စည်း၍ အခြောက်ခံခြင်း

ခေါင်းလျှော်ပြီးသည့်အခါ အရင်းမှအဖျားအထိ တဘက်ဖြင့် ညင်သာစွာသုတ်ပေးပါ။ ခေါင်းကိုတဘက်ဖြင့် ပေါင်းထားခြင်းက အသစ်ဖြစ်ပေါ်လာသော ဆံသားများကို ပျက်စီးစေနိုင်သည့်အတွက် အလျင်အမြန်ခေါင်းခြောက်လိုပါက တဘက်အစား ချည်သားတီရှပ်ကိုအသုံးပြုပေးနိုင်ပါတယ်။

အမှား (၅) – ဆံကေသာအလှပြင်ပစ္စည်းများကို မကြာခဏအသုံးပြုခြင်း

ဆံပင်မှုတ်စက်၊ ဖြောင့်စက်၊ ကောက်စက်များ နှင့် အခြားစက်ပစ္စည်းများက သင့်ဆံကေသာကို ရေဓာတ်ကုန်ခန်းစေမှာဖြစ်သည့်အတွက် ဆံသားမှာခြောက်သွေ့အက်ကွဲလာနိုင်ပါတယ်။ အကယ်၍ ထိုကဲ့သို့ စက်ပစ္စည်းများကို မကြာခဏအသုံးပြုရမည့် ကိစ္စများရှိပါက ဆံသားကိုကာကွယ်ပေးသည့် စပရေးအား ဆံကေသာအရင်းမှအဖျားအထိ ဖျန်းပေးဖို့ မမေ့ပါနှင့်။