ဖောက်ပြန်လို့၊ အချိန်ကြာလာတော့ ရိုးလာလို့ မချစ်တော့လို့ လမ်းခွဲလိုက်ကြတာတွေ ရှိပေမယ့် တချို့ကျတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ရက်နဲ့ လမ်းခွဲဖြစ်တဲ့အခြေအနေကို ရောက်သွားရတာပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့ စုံတွဲအများစုရဲ့ လမ်းခွဲလိုက်ရတဲ့ အဓိက အကြောင်းအရင်း ၅ ခု ရှိပါတယ်။

အချိန်မပေးနိုင်ခြင်း

တစ်ယောက်နဲ့တစ်ယောက်က အရမ်းချစ်ကြပေမယ့် အချိန်မပေးနိုင်တာတွေ များလာရင်လည်း ရေရှည်မှာ အဆင်မပြေတာမျိုးတွေ အဖြစ်များပါတယ်။ တစ်ယောက်က အချိန်မပေးနိုင်ရင် ကြာလာတဲ့အခါ တစ်ဖက်လူက စိတ်ခုလာပြီး ပြဿနာရှာတတ်ပါတယ်။ နှစ်ယောက်လုံးက အချိန်မပေးနိုင်ကြရင်လည်း အဆင်မပြေပြန်ပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ အချိန်ရရင်ရသလို ကိုယ့်ချစ်သူကို အချိန်ပေးပါ။ ဂရုစိုက်ကြင်နာပေးပါ။

နားလည်မှုမရှိခြင်း

အပေါ်မှာပြောခဲ့သလိုပဲ တစ်ယောက်က အလုပ်မအားလို့ အချိန်မပေးနိုင်တာကို တစ်ယောက်က နားလည်ပေးရင်တော့ အဆင်ပြေမှာပါ။ နားလည်မပေးနိုင်ရင်တော့ စိတ်ဆိုးစိတ်ကောက်ကြနဲ့ ခဏခဏပြဿနာတက်နေမှာပါပဲ။ ဘယ်အရာကိုမဆို နားလည်မှုမပေးပဲ ထစ်ခနဲရှိ ပြဿနာရှာမယ်၊ ကိုယ့်စိတ်တိုင်းကျမဖြစ်တာနဲ့ စိတ်ဆိုးမယ်ဆိုရင် ရေရှည်မှာ အဆင်မပြေပါဘူး။ နားလည်မှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြတ်သွားကြတဲ့သူတွေ အများကြီးပါ။

ပွင့်လင်းမှုမရှိရှင်း

တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိတာက တော်တော်ဆိုးပါတယ်။ ပြဿနာတစ်ခုဖြစ်လာရင် ပွင့်ပွင့်လင်းလင်းပြောမှ ဖြေရှင်းလို့ရမှာကို မပွင့်လင်းရင် တစ်ယောက်ကဘာဖြစ်နေလဲဆိုတာကို တစ်ယောက်ကမသိပါဘူး။ ကိုယ်ဘာမကြိုက်လဲ၊ ဘာဖြစ်ချင်လဲ သိအောင် ပွင့်ပွင့်လင်းလင်းပြောထားမှ တစ်ဖက်လူလည်း ဆင်ခြင်လို့ရမှာပါ။ ကိုယ်မကျေနပ်တာရှိရင်လည်း ပြောမှ တစ်ဖက်လူက သိမှာပါ။

အတ္တမာနကြီးခြင်း

ချစ်တာကို မထုတ်ပြချင်ဘူး၊ ဂရုစိုက်ရမှာကိုလည်း မလုပ်ချင်ဘူး၊ ချော့ရမှာ ကိုယ်ကစခေါ်ရမှာကိုလည်း မလုပ်ချင်ကြဘူးဆိုရင် အဆင်မပြေပါဘူး။ တစ်ယောက်နဲ့တစ်ယောက် မာနတွေထားပြီး အတ္တတွေကြီးနေကြရင် ပျော်ရွှင်မှုအပြည့်အဝမရနိုင်ပါဘူး။ အဲ့လိုမျိုးတွေက ချစ်ရက်နဲ့လမ်းခွဲပြီး ပြန်ဆက်သွယ်ချင်ကြတာတောင်မှ သူတို့ရဲ့ အတ္တတွေ၊ မာနတွေကြောင့် ပြန်မဆက်သွယ်ဖြစ်ကြတော့တာမျိုးတွေပါ။

ဒေါသကြီးခြင်း

ဒေါသကြီးလွန်းရင်လည်း မျက်လုံးထဲဘာမှမမြင်တော့ပဲ၊ ဘာမှမစဉ်းစားနိုင်တော့ပဲ စိတ်လက်မာန်ပါ လုပ်မိတတ်ပါတယ်။ ဒေါသထွက်တုန်းမှာ သွေးပူပြီး လုပ်လိုက်မိတာတွေက ပြီးသွားတဲ့အခါကျမှ နောင်တရနေတတ်ပါတယ်။ ဒေါသကြောင့် ဘာမှမစဉ်းစားပဲ လမ်းခွဲလိုက်တာမျိုးတွေလည်း အများကြီးပါ။