Gym သွားပြီး ဒါမှမဟုတ် အိမ်မှာဘဲဖြစ်ဖြစ် နေ့တိုင်း အချိန်ကုန်ခံ လူအပင်ပန်းခံပြီး Workout တွေ လုပ်နေပေမယ့် ပြဿနာက လိုချင်တဲ့ပန်းတိုင်ကို မရောက်ဖူးဖြစ်နေလား ? ဒါဆို ဒီအချက်တွေကို သေချာ ပြန်ဆန်းစစ်ကြည့်ပါ။

Fitness Plan မရှိတာ

လေ့ကျင့်ခန်းလုပ်တဲ့အခါ Fitness Plan ဒါမှမဟုတ် တိကျတဲ့ရည်ရွယ်ချက်တစ်ခုခုရှိမှသာ ပန်းတိုင်ကို ရောက်ဖို့ အခွင့်အလမ်းများမှာပါ။ မဟုတ်ရင် ရည်ရွယ်ချက်မရှိဘဲ ဆော့တာက အချိန်ကုန် လူပင်ပန်းတာဘဲ အဖက်တင်မှာပါ။

လေ့ကျင့်ခန်းတွေ အရမ်းလုပ်တာ

နေ့စဥ်ရက်ဆက်လေ့ကျင့်ခန်း အလွန်အကျွံလုပ်လွန်းတာက ကြာလာတဲ့အခါ ဒဏ်ဖြစ်တာ ၊ ပျင်းတာ စသဖြင့်အကြောင်းအမျိုးမျိုးနဲ့ ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုစနစ်ကို ထိခိုက်စေနိုင်တာမလို့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်ဖို့ အနားယူရန် အချိန်လိုအပ်ပါတယ်။

ပုံစံမမှန်တာ

Elliptical Machine ပေါ်က အညွှန်းကို တော်တော်များများက မဖက်ကြပါဘူး။ Gym Machine သုံးတဲ့နည်းစနစ်မမှန်တာ ဒါမှမဟုတ် Cardio လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်ဟန်အနေအထား ပုံစံမမှန်တာတွေကလည်း လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ဝေးစေပါတယ်။

အလးမဖို့ရှက်တာ

လူတော်တော်များများက အားကစားခန်းမမှာ တွဲလုပ်တဲ့အခါ အလေးမရတာ ရှက်တတ်ကြပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေကို လျစ်လျူရှုလိုက်တာက ကြီးမားတဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေကို လျစ်လျူရှုလိုက်တာနဲ့ အတူတူပါပဲ။

ကယ်လိုရီများတဲ့အစားအစာစားတာ

လေ့ကျင့်ခန်းတစ်ခုခုပြီးရင် အစားစားပေးဖို့က အမြဲတမ်းအရေးကြီးပါတယ်။ ဒါပေမယ့် စားတဲ့အခါ သကြားဓာတ်အပြည့်ပါတဲ့ အားဖြည့်အချိုရည်တွေနဲ့ အစားအစာတွေထက် ရေဓာတ်ပြန်ဖြည့်တဲ့ သစ်သီးနဲ့ အခွံမာသီးတွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမျိုးရွေးစားဖို့ လိုပါတယ်။