အားလုံးပဲ မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းပြီဆိုရင် အောက်ခံမိတ်ကပ် Foundation လိမ်းတဲ့အဆင့်က အရေးကြီးတာမို့ သင့်အနေနဲ့ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်သလို Skin Type နဲ့လည်း အဆင်ပြေတာမျိုး ရွေးသုံးတတ်ဖို့ လိုပါတယ်။ Foundation အရွေးမှား၊ လိမ်းနည်းမှားတာနဲ့ သင့်မိတ်ကပ် Look တစ်ခုလုံးကို ကြည့်ရဆိုးသွားနိုင်တဲ့အပြင် အခန့်မသင့်ရင် အသားအရေကိုပါ ထိခိုက်လောနိုင်ပါတယ်။ ဒါတွေမဖြစ်ရအောင် Foundation လိမ်းရာမှာ သတိထားရမယ့် လိမ်းနည်းအမှားအချို့အကြောင်းကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

မလိုအပ်ပဲ အလွန်အကျွံလိမ်းတာ


Foundation ထူထူလိမ်းတာက မိတ်ကပ် Look ကိုသဘာဝမဆန်ဘဲ ထူပြီးကြည့်ရဆိုးစေတဲ့အပြင် ချွေးပေါက်ထဲ မိတ်ကပ်တွေ ပိတ်မိရာကတစ်ဆင့် ဝက်ခြံစုပြုံထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ Foundation လိမ်းတဲ့အခါ လိုသလောက် ခပ်ပြေပြေလေးပဲလိမ်းပေးပါနော်။ ပေါင်ဒါ Foundation ထက် အသားထဲစိမ့်ဝင်စေမယ့် Cream (သို့) Liquid Foundation တွေကို သုံးသင့်ပါတယ်။ ပေါင်ဒါသုံးတာက အခန့်မသင့်ရင် အသားခြောက်သွားတတ်သလို အထပ်ထပ်လိမ်းရတာမို့ ထူသွားတာ၊ ချွေးပေါက်နဲ့ အရေးအကြောင်းတွေ မြင်ရတာမျိုး ဖြစ်နိုင်ပါတယ်။

Skincare မလုပ်ဘဲ တန်းလိမ်းတာ


Foundation လိမ်းတဲ့အခါ အသားခြောက်နေရင် သင့်မိတ်ကပ်က ဘယ်လိုမှကြည့်လို့မလှနိုင်ပါဘူးနော်။ Skincare အရင်လုပ်ထားမှ မိတ်ကပ်လိမ်းတဲ့အခါ အသားထဲစိမ့်ဝင်ပြီး Skin နဲ့တစ်သားတည်းဖြစ်နေမှာမို့ အစိုဓာတ်ပေးတဲ့အနေနဲ့ Moisturizer ၊ Serum စတာတွေကို အရင်လိမ်းပေးပါ။ အရေးအကြောင်းတွေ ကာကွယ်ပြီးသားဖြစ်ဖို့ Sunscreen ကိုပါ အရင်လိမ်းပေးဖို့လိုပါတယ်။

မျက်နှာပေါ်က အပြစ်အနာအဆာတွေဖုံးဖို့ အသုံးပြုတာ


Foundation တွေကို အသားအရောင်ညှိဖို့အတွက်သုံးရတာမို့ မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံ၊ အမဲစက်တွေ ဖုံးတဲ့နေရာမှာ မသုံးသင့်ပါဘူးနော်။ အပြစ်အနာအဆာဖုံးဖို့အတွက် Foundation အစား Concealer ကိုသာ အသုံးပြုပေးပါ။

အသားအရောင်နဲ့ မကိုက်တာတွေသုံးတာ


ကိုယ့်အသားအရောင်နဲ့ကိုက်တဲ့ Foundation အရောင်ဆိုတာ လိမ်းလိုက်တာနဲ့ အသားနဲ့တစ်ထပ်တည်းဖြစ်ပြီး မိတ်ကပ်လိမ်းထားမှန်း မသိသာတာမျိုးကို ဆိုလိုတာပါ။ ကိုယ့် Skin Tone ထက်ပိုညိုနေတာ၊ ဖြူနေတာတွေက လိမ်းထားပြီး အနည်းငယ်ကြာတာနဲ့ မိတ်ကပ်ကွက်တာ၊ ညိုမဲပြီး ပြာတာတွေဖြစ်လာပါလိမ့်မယ်။

Foundation Brush နဲ့မလိမ်းတာ


Foundation ကို Brush နဲ့လိမ်းပြီး သေချာလေးဖြန့်ပေးတာက မိတ်ကပ်သားပိုညီပြီး မထူသွားအောင် ပံ့ပိုးပေးနိုင်ပါတယ်နော်။ ဒါကြောင့် Foundation လိမ်းတိုင်း Makeup Brush လေးနဲ့ ပုံမှန် Blend လုပ်ပေးတာမျိုး အကျင့်လုပ်ပေးပါ။ အသားအရေမထိရအောင် ကိုယ်သုံးနေကျ Brush တွေကို ပုံမှန်လေးသန့်စင်ပေးဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar