ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းစေမယ့် မနက်ခင်းလေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပေးတာက တစ်နေကုန်အတွက် ပေါ့ပါးလန်းဆန်းပြီး တက်ကြွမှုကို ပေးစွမ်းနိုင်ပါတယ်။ စိတ်လည်းကြည်လင်စေပါတယ်။ အမြဲထိုင်းမှိုင်းနေတတ်တဲ့သူတွေဆို ပိုတောင်လုပ်ပေးသင့်ပါတယ်။
လေ့ကျင့်ခန်း ၁
ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါပဲ။ နောက်ဆုံး နံပါတ် ၄ အနေအထားနဲ့ စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် အစကပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၃ ကြိမ်၊ ၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။
လေ့ကျင့်ခန်း ၂
ခြေထောက်နဲ့လက်ကို ပုံမှာပြထားတဲ့ အနေအထားအတိုင်း လုပ်ပေးပြီး ခါးနဲ့ကျောရိုးကို မတ်ထားပေးပါ။ အဲ့အတိုင်း အနည်းဆုံး စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးပါ။
လေ့ကျင့်ခန်း ၃
ဒီလေ့ကျင့်ခန်းကလည်း ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီသာ လုပ်သွားပေးပါ။ နောက်ဆုံး နံပါတ် ၄ အနေအထားမှာ စက္ကန့် ၃၀ နေပေးပြီး အစကပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၃ ကြိမ်၊ ၅ ကြိမ်လောက်လုပ်ပေးရုံပါပဲ။
လေ့ကျင့်ခန်း ၄
ပုံမှာပြထားတဲ့အတိုင်း လှဲနေပြီး ခြေထောက်တစ်ဖက်ကိုကွေးပြီး လက်တစ်ဖက်နဲ့ ကိုင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ခြေထောက်ပြန်ချ၊ ပြီးရင် ပြန်ကွေးပြီး စက္ကန့် ၃၀ ထပ်နေပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၃ ကြိမ်လုပ်ပေးပါ။
လေ့ကျင့်ခန်း ၅
ပုံမှာလုပ်ပြထားသလို ခြေထောက်နှစ်ဖက်က တင်ပါးအောက်မှာကွေးထားပြီး လက်ကိုလည်း ပုံထဲကအတိုင်း လုပ်ပေးပါ။ ခေါင်းကလည်း လက်တစ်ဖက်ထုတ်ထားတဲ့ဘက်ကို လှည့်နေပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ထပ်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ အနည်းဆုံး တစ်ဖက်ကို ၃ ကြိမ်စီတော့ လုပ်ပေးရပါမယ်။