နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ကိုယ့်မျက်နှာမလိုက်ဖက်ပဲ တစ်မျိုးကြီးဖြစ်သွားတာမျိုး၊ နှုတ်ခမ်းနီဆိုးထားတာ အဆင်မပြေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါမှာ ရှောင်ကြဉ်သင့်တဲ့အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ နှုတ်ခမ်းနီဆိုးထားတဲ့အခါမှာ Perfect ဖြစ်ပြီး လှပနေမှာပါ။

Shade မှားရွေးမိခြင်း

နှုတ်ခမ်းနီ Shade ရွေးတဲ့အခါမှာ ကိုယ့် Skin Tone နဲ့လိုက်ဖက်တာမျိုးကို ရွေးဖို့က အရေးအကြီးဆုံးပါပဲ။ ကိုယ့်မျက်နှာအသားအရေနဲ့ မလိုဖက်တာမျိုးကို ရွေးချယ်မိရင် Look ပြောင်းသွားစေပါတယ်။

အများကြီးဆိုးမိခြင်း

နှုတ်ခမ်းနီကို အများကြီးယူပြီးဆိုးတာ၊ အထူကြီးဖြစ်အောင် အထပ်ထပ်ဆိုးတာမျိုးတွေ မလုပ်ရပါဘူး။ ကြည့်ရဆိုးပြီး မလှပါဘူး။ ဆိုးထားတာ ကြာရှည်ခံချင်ရင် Loose Powder လေးပုပ်ပြီး အပေါ်ကနေ ထပ်ဆိုးပါ။

Expired ဖြစ်နေတာဆိုးခြင်း

တချို့နှုတ်ခမ်းနီတွေက Expire Date ပါပေမယ့် တချို့နှုတ်ခမ်းနီတွေမှာက မပါတာမျိုးရှိပါတယ်။ Expired ဖြစ်နေတာကို မသိပဲဆိုးမိရင် နှုတ်ခမ်းသားပျက်စီးမှာပါ။ ဒါကြောင့် ကိုယ်သုံးတဲ့နှုတ်ခမ်းနီကို Expired ဖြစ်နေလားဆိုတာမျိုးလည်း အမြဲသတိထားပေးပါ။

အမြန်ဆိုးခြင်း

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ သေချာလေးပုံဖော်ဆိုးတာမျိုးဆို အရမ်းလှပါတယ်။ အမြန်ဖြစ်သလိုဆိုးလိုက်တာမျိုးက ကိုယ့်နှုတ်ခမ်းပုံစံပါ ပျောက်စေပါတယ်။ ဒါကြောင့် လှလှလေးဖြစ်အောင် သေချာဆိုးကြည့်ပါ။

Lip Balm ခံပြီးမဆိုးခြင်း

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ တော်တော်များများက Lip Balm ခံပြီးဆိုးလေ့မရှိပါဘူး။ Lip Balm ခံဆိုးမှ နှုတ်ခမ်းသားနူးညံ့ပြီး Hydrated ဖြစ်နေမှာပါ။ နှုတ်ခမ်းခြောက်သွေ့တာ၊ ပျက်စီးတာမျိုးကိုလည်း ကြိုတင်ကာကွယ်ပေးပါတယ်။ ဒါကြောင့် Lip Balm ဆိုးပြီးမှ ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကို ထပ်ဆိုးပေးပါ။