မိတ်ကပ်က မိန်းကလေးတစ်ယောက်ရဲ့ အလှအပမှာ မရှိမဖြစ်လိုအပ်တဲ့ အလှကုန်ပါ။ လေ့လာမှုတစ်ခုအရ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ သွင်ပြင်ပုံစံအတွက် တစ်နှစ်မှာ နာရီပေါင်း ၃၃၅ နာရီ အသုံးပြုတတ်ပါတယ်တဲ့။ ကိုယ်အသုံးပြုခဲ့ရတဲ့ အချိန်နဲ့ ကိုက်ညီတဲ့ ရလဒ်တစ်ခုကို ရရှိဖို့တော့ အရေးကြီးပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းရာမှာ ကိုယ့်ပုံစံကို အပေါစားဆန်တဲ့ ပုံစံပေါက်သွားစေတဲ့ အမှားတွေကို နာမည်ကျော် Celebrities တွေရဲ့ ဥပမာတွေနဲ့ ဖော်ပြပါရစေ။

၁။ ဖောင်ဒေးရှင်း


Amber Heard ရဲ့ ဘယ်ဘက်ပုံက အသက် ၃၂ နှစ်အရွယ်တုန်းကပါ။ ဒါပေမဲ့ ဖောင်ဒေးရှင်းအထူကြီးကြောင့် အသက်ပိုကြီးသွားသလို ထင်ရစေပါတယ်။ ညာဘက်ပုံကတော့ မိတ်ကပ်ပါးပါးလေးနဲ့ သဘာဝဆန်တဲ့ဘက်သွားတာကြောင့် ပိုငယ်တဲ့ပုံစံဖြစ်သွားပါတယ်။

  • ဖောင်ဒေးရှင်းက ကိုယ့်အသားအရေအရောင်နဲဲ့ တစ်သားတည်းဖြစ်နေသင့်ပါတယ်။ အသားအရေအရောင်နဲ့ လုံးဝကွဲပြီး ဖြူထွက်သွားတာမျိုးကို ရှောင်ပေးပါ။
  • ဖောင်ဒေးရှင်းမသုံးခင် ကိုယ့်အသားအရေကို အစိုဓာတ်ထိန်းထားပြီး သန့်ရှင်းနေရပါမယ်။
  • အလှကုန်တွေ သုံးတဲ့ ကြားအဆင့်တွေမှာ Fixing Spray ဖြန်းပေးပါ။

၂။ အရောင်မှန်


Bronzer ရွေးတဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ လိုက်ဖက်တာမျိုးရွေးချယ်သင့်ပါတယ်။ တောက်လွန်းတဲ့အရောင်တွေကို သတိထားပေးပါ။

Contour လုပ်တဲ့အခါ အလွန်အကျွံမလုပ််မိဖို့ သတိထားပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးပေးပါ။ ကိုယ့်ရဲ့ ပုံစံကို လုံးဝပြောင်းလဲသွားတဲ့ အထိ Concealer နဲ့ Bronzer အသုံးမများဖို့ သတိထားပေးပါ။

၃။ Glitter


အရောင်တောက်တောက် Glitter တွေကို အသက် ၂၅ ကျော်ရင် မသုံးလည်းဖြစ်ပါတယ်။ Glitter များတာက သင့်ပုံစံကို အသက်ပိုကြီးစေပါတယ်။ နှုတ်ခမ်းနီအရောင် လက်လက်တွေ မဆိုးမိဖို့ သတိထားပေးပါ။


၄။ မျက်ခုံး


မျက်ခုုံးကို ကိုယ့်မျက်ခုံး Shape အတိုင်း သဘာဝပုံစံလေး ဆွဲပေးသင့်ပါတယ်။ ကိုယ့်ဆံပင်အရောင်နဲ့ နီးစပ်တဲ့ မျက်ခုံးအရောင်ရွေးခြယ်ပေးပါ။


၅။ Mascara နဲ့ Eyeliner


Eyeliner မဆွဲခင် အမြဲ Eyeshadow တစ်မျိုးကို အရင်လိမ်းပေးပါ။ ဒါမှမဟုတ် ပေါင်ဒါပုတ်ပေးပါ။ စွန်းသွားတဲ့ Eyeliner ကို ဖယ်ဖို့ နားကလော်တဲ့ ဝါဂွမ်းစအချောင်းလေးတွေကို ဆောင်ထားပေးပါ။ Eyeshadow, Mascara နဲ့ Eyeliner ကို ညီတူညီမျှ လိမ်းပေးပါ။ အရည်အသွေးကောင်းတဲ့အလှကုန်ကို ရွေးချယ်ပါ။ Mascara တွေ မျက်လုံးအောက်မှာ ပေနေတာက သင့်ပုံစံကို ကြည့်မကောင်းဖြစ်စေပါတယ်။

Source: Brightside.me

By MyStyle Myanmar