Skincare လိမ်းနေရက်နဲ့ မျက်နှာအသားအရေက ခြောက်သွေ့လာတယ်ဆိုတာမျိုး ဖြစ်ဖူးမှာပါ။ ဒီလိုဖြစ်တယ်ဆိုရင် ကိုယ်လုပ်နေတာတွေက မှားနေလို့ပါပဲ။ ဒါကြောင့် ကိုယ်မှားနေတာတွေရှိရင် ပြင်လို့ရအောင် မျက်နှာအသားအရေကို ပိုပြီးခြောက်သွေ့လာအောင် လုပ်နေမိတတ်တဲ့အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Alcohol အဓိကပါဝင်တဲ့ Product တွေကိုသုံးခြင်း

Alcohol အဓိကပါဝင်တဲ့ Product တွေကိုသုံးခြင်းက ရေဓာတ်ကုန်ဆုံးပြီး အသားအရေ ပိုမိုခြောက်သွေ့စေပါတယ်။ အထူးသဖြင့် Toner နဲ့ မျက်နှာသစ်ဆေးတွေမှာ အများဆုံးပါတတ်တာကြောင့် ကိုယ်သုံးတဲ့ Skincare Product ကို Ingredient တွေ သေချာဖတ်လို့ လိုပါတယ်။

Exfoliate ခဏခဏလုပ်ခြင်း

ဒီအချက်က တော်တော်များများလည်း သိမှာပါ။ Exfoliate လုပ်တာက Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်စေတယ်ဆိုပေမယ့် လိုတာထက်ပိုပြီး ခဏခဏလုပ်နေတဲ့အခါမှာတော့ အသားအရေက Senstivie ဖြစ်ပြီး ထိခိုက်လွယ်လာမယ်၊ အသားခြောက်ပြီး ကြမ်းတမ်းလာပါမယ်။

ရေနွေးနဲ့မျက်နှာသစ်ခြင်း

ရေကြက်သီးနွေးနဲ့ မျက်နှာသစ်တာမျိုးမဟုတ်ပဲ အဲ့ထက်ပူတဲ့ ရေနွေးနဲ့ မျက်နှာသစ်တာမျိုးက အသားအရေ သိသိသာသာ ခြောက်သွေ့လာစေပါတယ်။ ဒါကြောင့် ဒီအချက်ကို အထူးဂရုပြုသင့်ပါတယ်။

Moisturizer သုံးစွဲမှုမှားနေခြင်း

ကိုယ့်အသားအရေက အစထဲက ခြောက်သွေ့တဲ့အသားအရေ ဖြစ်နေတာကို Moisturizer သုံးတဲ့အခါမှာ Hydration ကောင်းကောင်းမပေးနိုင်တာမျိုးတွေ သုံးမိရင် သုံးသာသုံးနေတယ် အသားခြောက်နေတုန်းပဲ အသားပိုခြောက်လာတယ်ဆိုတာမျိုးတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ သေချာကိုက်ညီတဲ့ Moisturizer ကို ရွေးသုံးဖို့လိုပါတယ်။

တစ်နေ့ ၂ ကြိမ်အထက် မျက်နှာသစ်ခြင်း

မျက်နှာသစ်တာက မနက်တစ်ကြိမ် ညတစ်ကြိမ်ဆိုရင် လုံလောက်နေပါပြီ။ အဲ့ထက်ပိုပြီး မျက်နှာသစ်နေရင်တော့ ရှိသင့်တဲ့အဆီဓာတ် ရေဓာတ်တွေ ဆုံးရှုံးပြီး အသားအရေက ပိုမိုခြောက်သွေ့လာမှာပါ။