မင်္ဂလာပါ ပျိုမေတို့ရေ။ မိန်းကလေးအများစုမှာ ရာသီလာချိန်ဆိုရင် စိတ်အတက်အကျမြန်တာ ဒါမှမဟုတ် ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာတွေနဲ့ တစ်ခုမဟုတ်တစ်ခု ခံစားရတတ်ကြပါတယ်။ သင်က ဒီလိုအချိန်မှာ အမြဲဗိုက်အောက်တာ၊ ကိုက်ခဲတာတွေဖြစ်တတ်တဲ့သူဆိုရင် နာကျင်မှုသက်သာဖို့အတွက် ဆင်ခြင်သင့်တဲ့ အရာတွေကို သိထားတာအကောင်းဆုံးပါ။ ဒီတစ်ခေါက်မှာ Period ချိန်တွင်း ခန္ဓာကိုယ်ကိုက်ခဲခြင်းကို ပိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်သတိမထားဘဲ လုပ်မိနေတဲ့ အမူအကျင့်တွေပါမလား ကြည့်လိုက်ရအောင်နော်-

၁။ ကော်ဖီ အသောက်များတာ


Period ချိန်မှာ ကဖင်းဓာတ်မှီဝဲတာက ဗိုက်အောက်ပိုင်းကြွက်သားနာကျင်မှုဖြစ်စေပါတယ်။ များများသောက်မိရင် ရေဓာတ်ဆုံးရှုံးတဲ့အပြင် Stress ဖြစ်ပြီး တစ်နေ့လုံးပင်ပန်းနေသလို ခံစားရမှာပါ။ ကိုယ်က တစ်ခုခုသောက်လိုက်မှ ခေါင်းကြည်တဲ့သူဆိုရင် ကော်ဖီနေရာမှာ ရိုးရိုးရေ၊ Organic Tea ဒါမှမဟုတ် အသီးနဲ့လုပ်တဲ့ဖျော်ရည်တစ်ခုခု အစားထိုးသောက်သင့်ပါတယ်။

၂။ အစားမစားဘဲ Fasting အချိန်ကြာကြာလုပ်တာ


ဒီလိုရက်တွေမှာ အစားမစားဘဲ ကြာကြာနေတာမျိုး မလုပ်သင့်ပါဘူးနော်။ ဝိတ်ချနေသူတွေအနေနဲ့လည်း Period ချိန်မှာတော့ ဗိုက်အဆာခံပြီး Fasting လုပ်တာမျိုးကို ရှောင်ပေးပါ။ ဗီတာမင်နဲ့ ကယ်စီယမ်အာဟာရဓာတ်တွေပါတဲ့ အစားအသောက်တွေကို အချိန်မှန်မှန်နဲ မျှတအောင်စားသင့်ပါတယ်။

၃။ Waxing လုပ်တာ


Period ချိန်မှာအရေပြားကပိုပြီး Sensitive ဖြစ်နေတတ်တာမို့ Waxing လုပ်ရင် ပိုနာပါတယ်။ အသားလောင်သွားရင် တော်ရုံနဲ့မပျောက်ဘဲ ရောင်ရမ်းတာတွေပိုဖြစ်တတ်တာမို့ ဒီလိုနေ့တွေမှာ အမွှေးနှုတ်တာ၊ ရိတ်တာတွေကို ရပ်ထားပေးပါ။

၄။ ရေဓာတ်ခန်းခြောက်တာ


ရေဓာတ်မလုံလောက်တာကြောင့်လည်း Period ချိန်ကြွက်သားနာကျင်တာတွေ ဖြစ်တတ်ပါတယ်နော်။ ဒီလိုရက်တွေမှာ ရေကိုပုံမှန်ထက်ပိုသောက်ပေးမှ ခန္ဓာကိုယ်ကိုက်ခဲတာတွေ၊ ဗိုက်မှာလေဖောင်းပြီး Bloating ဖစ်တာတွေ လျော့ကျစေမှာပါ။ ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုမရှိအောင် Alcohol သောက်တာကိုပါ ရှောင်ဖို့လိုပါတယ်။

၅။ ဆီများတာနဲ့ နို့ထွက်အစားအစာ အလွန်အကျွံစားတာ


ဒီလိုအချိန်မှာ အစားအသောက်မမှန်ရင်လည်း ဗိုက်ပိုအောင့်တတ်ပါတယ်နော်။ အဆီများတဲ့အစာတွေက ဟော်မုန်းတက်ပြီး ခန္ဓာကိုယ်လေးလံကာ မသက်မသာဖြစ်စေသလို နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အက်စစ်ဓာတ်က ရေဓာတ်ဆုံးရှုံးပြီး ကြွက်သားတွေကိုက်ခဲစေတာမို့ ဒီလိုအစားအသောက်တွေကို စိတ်အလိုလိုက်ပြီး အလွန်အကျွံမစားမိအောင် သတိထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar