အခုပြောပြပေးမယ့် Celebrity တွေအသုံးပြုနေကြတဲ့ ဂျိုင်းမဲတာအမြန်ပျောက်နည်းမှာ ပါဝင်ပစ္စည်းအများကြီးပါတယ်ထင်နေရင်တော့ သင်မှားသွားပါပြီ။ သူတို့လည်းဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေကို အသုံးပြုကြတာပါပဲ။

ဒါပေမယ့် သဘာဝပစ္စည်းတွေရဲ့အစွမ်းကိုသိပြီးတဲ့နောက်ပိုင်းမှာတော့ ဒီနည်းလမ်းမှ ဒီနည်းလမ်းဖြစ်သွားကြတာပါပဲ။

၁။ သံပရာသီး

Source: saludycuidado.net

သံပရာသီးက ချေးချွတ်တဲ့နေရာမှာ အကောင်းဆုံးအသီးပါပဲ။ နနွင်းမှုန့် (၂) ဇွန်း၊ ပျားရည် (၁) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်းနဲ့ သံပရာရည်တို့ကိုရောမွှေပြီး ဂျိုင်းမှာသုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ အဝတ်လေးနဲ့သုတ်လိုက်ပါ။ ပြီးမှရေဆေးချပေးပါ။

၂။ အာလူး

Source: youtube.com

အသားအရေပါးလွန်းတာကြောင့် သံပရာသီးသုံးလို့အဆင်မပြေရင် အာလူးနဲ့ချေးချွတ်လို့ရပါသေးတယ်။ အားလူရည်ကို ဂွမ်းလေးနဲ့ဆွတ်ယူပြီး ဂျိုင်းမှာရွှဲနေအောင်သုတ်ပေးပါ။ (၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ရလဒ်မြန်မြန်တွေ့ချင်ရင်တော့ တစ်နေ့ (၂) ကြိမ်နဲ့ (၇) ရက်ဆက်တိုက်ပြုလုပ်ပေးပါ။

၃။ သခွားသီး

Source: Stylish Tips

သံပရာသီးနဲ့ပေါင်းပြီးသွားရင်တော့ သခွားသီးနဲ့ထပ်ပွတ်ပေးပါ။ လွယ်ပါတယ်။ လှီးထားတဲ့သခွားသီးတွေကို ဂျိုင်းမှာပွတ်ပေးပါ။ စိတ်ကြိုက်ပွတ်ပေးပြီးရင် ခဏခြောက်အောင်ထားလိုက်ပါ။ ပြီးမှရေဆေးချလိုက်ပါ။ ရက်အနည်းငယ်လောက်ကြာရင် သိသာလာပါလိမ့်မယ်။

Featured image source: saludycuidado.net