သင်က မှန်ရှေ့မှာ အချိန်ကုန်ရတာ ကြိုက်ရင်တောင် တစ်ခါတလေ အလှပြင်ဖို့ တစ်နာရီလောက် အချိန်မပေးနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်နေရာရာ ချက်ချင်း သွားရမယ်ဆိုရင် သင့်မှာ ပြင်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရင် မပြင်လိုက်ဘဲ သွားရတာမျိုး မဖြစ်ရအောင် ငါးမိနစ် ဝန်းကျင်ပဲ အချိန်ပေးရမယ့် မိတ်ကပ် Tutorial Video တွေကို ဖော်ပြပါရစေ။

Basic 5 min Makeup Routine

ဒီ Tutorial ကတော့ မိန်းကလေးတိုင်းနဲ့ အဆင်ပြေမှာပါ။ မျက်လုံးအောက် ညိုတာကို ဖုံးဖို့ရယ် နှာခေါင်းဘေး နီတာကို ဖျောက်ဖို့ရယ်ပဲ လိုပါတယ်။ ပြီးနောက် မျက်တောင်ကော့၊ ပါးနီဆိုး၊ နှုတ်ခမ်းနီ ဆိုးရုံပါပဲ။

Late for School Look

သင်က Concealer လိမ်းပြီး မျက်ခုံးခြယ်ရတာ ကြိုက်ရင် ဒီ Video က အဆင်ပြေမှာပါ။ ဒီမှာ မိတ်ကပ်လိမ်းတာအပြင် ဆံပင်လုပ်တာပါ ပါဝင်ပါတယ်။

Light Makeup Routine

ဒီ Look ကတော့ မိတ်ကပ်အပြည့်ပြင်ရတဲ့ Look မဟုတ်ပါဘူး။ သင်က မနက်မှာ အချိန်အများကြီး မသုံးချင်ရင် လိမ်းနိုင်မယ့် Makeup Look ပါ။

Chic and Simple

ဒီ Makeup Look ကတော့ ရုံးသွားဖို့ကော ကျောင်းသွားဖို့ပါ အသုံးဝင်မှာပါ။ အချိန်သိပ်မပေးရပေမယ့် ထွက်လာတဲ့ Makeup Look က တစ်နာရီနီးပါး ပြင်ထားတဲ့ ပုံစံနဲ့ တူနေစေမှာပါ။

Fresh Face in 5 Minute

ဒီ Makeup Look ကတော့ ကောင်လေးနဲ့ ချိန်းတွေ့ဖို့ နောက်ကျနေချိန်မှာ လိမ်းနိုင်မယ့် Look ပါ။

Natural Looking Makeup Routine

မိတ်ကပ်ပါးပါးလေးပဲ လိမ်းချင်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေမယ့် Video ပါ။ ဒီ Tutorial Video ကိုကြည့်ပြီးနောက်မှာတော့ မျက်ခုံးပုံစံက မိတ်ကပ် Look အတွက် ဘယ်လောက် အရေးပါကြောင်း သိသွားပါလိမ့်မယ်။

5 Minute Eye Makeup

သင်က မျက်လုံး Makeup Look ကို ပိုသိသာစေချင်ရင် ဒီ Video ကို အသုံးပြုနိုင်ပါတယ်။

Source: YouTube

By MyStyle Myanmar