လူကပိန်ပေမယ့် ဗိုက်တခုဘဲကွက်ပူနေလို့ စိတ်ညစ်နေလား ? ဗိုက်ကမလိုချင်တဲ့အဆီတွေကျဖို့ တစ်နေ့ကို ၅ မိနစ်လောက်အချိန်ပေးပြီး ဒီလေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ စက်ကိရိယာတွေမလိုတာမလို့ ဖျာတစ်ချပ်ရှိရုံနဲ့ အိမ်မှာတင် အလွယ်လုပ်လို့ရပါတယ်။

Flutter Kicks

အရင်ဆုံးဖျာပေါ်မှာ လှဲလိုက်ပါ။ ခြေထောက်တွေကို ညီအောင်ထားပြီး ဆန့်လိုက်ပါ။ ဗိုက်သားကို တင်းအောင်ညှစ်ထားပြီး ခြေထောက်တွေကို အပေါ်အောက် ရွှေ့ပေးပါ။ 15 ကြိမ် နဲ့ 2 ကျော့ လုပ်ပေးပါ။

Reverse Crunches

ဖျာပေါ်မှာလှဲပြီး ခြေထောက်တွေကို 90 ဒီဂရီ ထောင့်ချိုးထောင်လိုက်ပါ။ လက်နှစ်ဘက်ကို ဘေးမှာဖြန့်ထားလိုက်ပါ။ ပြီးရင် တင်ပါးကိုပင့်ပြီး ဒူးကို ရင်ဘတ်ဆီဆွဲတင်လိုက်ပါ။ 15 ကြိမ် နဲ့ 2 ကျော့ လုပ်ပေးပါ။

Lunges With Front Kicks

အရင်ဆုံးခြေထောက်နှစ်ဘက်ကို ခွဲပြီး မက်တပ်ရပ်လိုက်ပါ။ ခြေထောက်တစ်ဘက်ကို နောက်ဆုတ်ချပြီးမှ လေထဲကို အရှိန်နဲ့ကန်ပေးပါ။ 15 ကြိမ် နဲ့ 2 ကျော့ လုပ်ပေးပါ။

Mountain Climbers

ဖျာပေါ်မှာ လက်နှစ်ဘက်ကို ပခုံးနဲ့အညီ ထောက်ပြီး ခန္ဓာကိုယ်ကို ဖြောင့်အောင်ထားပေးပါ။ ဒူးတစ်ဖက်စီကို ကွေးပြီး ရင်ဘတ်အထိ ဆွဲတင်ပါ။ 15 ကြိမ် နဲ့ 2 ကျော့ လုပ်ပေးပါ။

Bicycles

ဖျာပေါ်မှာလှဲပြီး လက်နှစ်ဘက်ကို ခေါင်းအနောက်မှာ ထားလိုက်ပါ။ စက်ဘီးနင်းသလိုမျိုး ဘယ်ဘက်ဒူးကိုမြှောက်ပြီး ညာဘက် တံတောင်နဲ့ လှမ်းထိပါ။ နောက်တဘက်ကိုလည်း ဒီနည်းအတိုင်းလုပ်ပါ။ 15 ကြိမ် နဲ့ 2 ကျော့ လုပ်ပေးပါ။