အောင်မြင်မှုဆိုတာက ကိုယ့်ရဲ့ကြိုးစားမှုလုပ်ရပ်တွေအပြင် ကိုယ့်ရဲ့စိတ်ထားနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလို ဘဝမှာအောင်မြင်ဖို့အတွက် ကိုယ့်မှာရှိဖို့လိုတဲ့ အရေးအကြီးဆုံးစိတ်ထားကတော့ ဒီ ၅ မျိူးပဲ အဓိကပါ။

တိုးတက်ချင်တဲ့စိတ်

တိုးတက်ချင်တဲ့စိတ်ရှိနေမှသာ အောင်မြင်မှုရမှာပါ။ တိုးတက်ချင်းတဲ့စိတ်ရှိမှ အမြဲတမ်း ကြိုးစားနေမယ်၊ ကိုယ်လုပ်သမျှအရာတိုင်းကို အလေးအနက်ထားပြီး လုပ်ဆောင်မယ်၊ မပျင်းရိပဲနဲ့ ကြိုးစားလုပ်ဆောင်မှာပါ။

စူးစမ်းလေ့လာစိတ်

စူးစမ်းလေ့လာတတ်တဲ့စိတ်ရှိမှ အရာရာကိုသိပြီး ပိုတိုးတက်မှာပါ။ စူစမ်းလိုစိတ်က အောင်မြင်မှုရဖို့အတွက် အထောက်အကူဖြစ်တဲ့အရာပါ။ ဒါကြောင့် တစ်ခုခုလုပ်ဖို့ကို မကြောက်ပါနဲ့။ ကြောက်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

အရှုံးမပေးတဲ့စိတ်

ကြိုးစားတိုင်း ချက်ချင်းအောင်မြင်သွားတာ မဟုတ်ပါဘူး။ ကျရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ကျရှုံးတာကို စိတ်ဓာတ်ကျပြီး ဆက်မကြိုးစားရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အရှုံးမပေးပဲ ပြန်ထပြီး ထပ်ကြိုးစားပါ။ ဒါမှလည်း အောင်မြင်မှုကို ရမှာပါ။

မခံချင်စိတ်

မခံချင်စိတ်ရှိမှ သူများထက်ပိုကြိုးစားပြီး သူများထက်ပိုသာအောင်လုပ်မှာပါ။ ဒါမှလည်း ပိုတိုးတက်ပြီး အောင်မြင်မှုရဖို့ အခွင့်အလမ်းပိုများလာမှာပါ။ ကိုယ့်ထက်သာတဲ့သူတွေကို မနာလိုဖြစ်စရာမလိုပါဘူး၊ သူတို့ထက်သာအောင်လုပ်မယ်၊ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ မခံချင်စိတ်ပဲ ထည့်ထားရမှာပါ။

နည်းနည်းလေးနဲ့မရောင့်ရဲတဲ့စိတ်

နည်းနည်းလေးနဲ့ ရောင့်ရဲနေရင်တော့ ကိုယ့်မှာရှိတာနဲ့ တော်ပြီဆိုပြီး အပင်ပန်းမခံ၊ မကြိုးစားတော့ပဲ နေမိပါလိမ့်မယ်။ ဒါကြောင့် နည်းနည်းလေးနဲ့ မရောင့်ရဲပဲ ဒီထက်ပိုကောင်းတာတွေ ဖြစ်အောင်လုပ်မယ်၊ ဒီထက်ပိုပြီး တိုးတက်ပြောင်းလဲအောင် လုပ်မယ်ဆိုပြီး ကြိုးစားကြည့်ပါ။ အောင်မြင်မှုရရှိတဲ့သူ ဖြစ်လာမှာပါ။