မျက်တောင်တိုတဲ့ မိန်းကလေးတွေက တစ်ခါတလေ ကိုယ့်မျက်လုံး အလှအတွက် အားငယ်တတ်ပါတယ်။ မျက်တောင်တု တပ်တာ၊ မျက်တောင် Extension လုပ်တာတွေ မလုပ်ခင် သင့်နဂို မျက်တောင်ကို ရှည်အောင် ဖန်တီးနိုင်တဲ့ နည်းလမ်း အဆင့်တွေ ရှိပါတယ်။ နည်းလမ်းတွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ မျက်တောင်ကော့နည်း

Photo Source: BeautyKoreamall

သင့်ရဲ့ မျက်တောင်ကော့တဲ့ နည်းစနစ်အရ နောက်ဆုံးရတဲ့ ရလဒ်က လုံးဝ ကွဲပြားသွားနိုင်ပါတယ်။ ဆိုးထားတဲ့ နေရာကိုပဲ ထပ်ခါ ထပ်ခါ ခြယ်တဲ့အခါ သင့်မျက်တောင်က ပင့်ကူခြေထောက်နဲ့ တူသွားနိုင်ပါတယ်။ Zig Zag လှုပ်ရှားမှုနဲ့ မျက်တောင်ကော့ပေးသင့်ပါတယ်။

၂။ မျက်တောင်ကို ဖြီးပေးပါ

Photo Source: ELLE

မျက်တောင်မခြယ်ခင် မျက်တောင်ကို Brush နဲ့ ဖြီးပေးတာက မျက်တောင်ကော့ဆေး ညီညီညာညာ ပြန့်အောင် ကူညီပေးနိုင်ပါတယ်။

၃။ ကော့တံ

Photo Source: Beautylish

သင့်မျက်တောင်ကော့တံက ချိုးလို့ လွယ်တယ်ဆိုရင် အနည်းငယ်ကွေးသွားအောင် ချိုးပေးသင့်ပါတယ်။ ဒီလိုချိုးလိုက်တဲ့အခါ သင့်မျက်တောင် နေရာစုံကို Mascara ထိအောင် လုပ်ပေးပါလိမ့်မယ်။

၄။ Curler ကို အပူပေးပါ

Photo Source: AshKaur

မျက်တောင်ကော့တံကို အပူနဲ့ အပူပေးတာကလည်း မျက်တောင်ကို ပိုကော့စေပါတယ်။ မီးခြစ်နဲ့ အပူပေးနိုင်သလို သင်က အခုမှ စအပူပေးမယ့်သူ ဆိုရင်တော့ Hair Dryer နဲ့ အပူပေးနိုင်ပါတယ်။ မျက်တောင်ကော့တံ အပူချိန် လျော့တဲ့အချိန်မှ သင့်မျက်လုံးနဲ့ ထိပါတယ်။

၅။ Mascara

Photo Source: Bustle

သင့်မျက်တောင်ကော့ဆေးကို ထုတ်လိုက်တာနဲ့ ဆေးတွေ အတစ်လိုက် ကပ်ပါလာတတ်ပါတယ်။ ဒီလိုကပ်ပါလာတဲ့အခါ မျက်တောင်ကော့ရတာ အတစ်လိုက်ကြီး ဖြစ်နေတတ်ပါတယ်။ မချောမွေ့တော့ပါဘူး။ ဒီလိုမဖြစ်အောင် Mascara မှာ ကပ်နေတဲ့ ဆေးအပိုတွေကို တစ်ရှူးနဲ့ သုတ်ပေးသင့်ပါတယ်။

By MyStyle Myanmar