၂၁ ရာစုခေတ်လိုမျိုး နည်းပညာတွေအမျိုးမျိုး တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ လူသားတွေရဲ့ အမြင်တွေကလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲလို့လာနေပါပြီ။

အရင်တုန်းကတော့ ဆံပင်ရှည်ဆိုတာ မိန်းကလေးတွေမှ ထားတာဆိုပြီး တွေးလေ့မြင်လေ့ရှိကြပေမယ့်လည်း အခုချိန်မှာတော့ အမျိုးသားတွေလည်း ဆံရှည်ထားတာက Trend တစ်ခုလိုဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်း သည်းသည်းလှုပ်အားပေးကြတဲ့ ကေပေါ့အိုင်ဒေါလ်တွေဟာဆိုရင် သူတို့ကိုချစ်မြတ်နိုးပြီး အားပေးကြတဲ့ပရိတ်သတ်တွေကို အသွင်မျိုးစုံ၊ ဖက်ရှင်မျိုးစုံ၊ စတိုင်လ်မျိုးစုံထုတ်ပြီးတော့ ဖျော်ဖြေလေ့ရှိကြပါတယ်။

အခုတစ်ခါမှာတော့ အမျိုးသားတွေလည်း အမျိုးသမီးတွေနည်းတူ ဆံပင်ရှည်ထားလည်း မထူးဆန်းတော့ဘူး မိန်းကလေးတွေထက်တောင် ပိုလှနေပါလားလို့ တွေးမိစေလောက်မယ့် ကေပေါ့အိုင်ဒေါလ်ငါးဦးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Heechul (Super Junior)

Heechul ကတော့ ကမ္ဘာကျော်ကေပေါ့အဖွဲ့ Super Junior မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ အသက် ၃၈ နှစ်ရှိပါပြီ။ သူဟာဆိုရင် Super Junior အဖွဲ့ Debut စလုပ်ချိန်ကတည်းက ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးနည်းပါး ချောမောလှပလွန်းလို့ ပိုပြီးလူသိများလှပါတယ်။ အခုချိန်ထိလည်း ဆံပင်ရှည် ထားလိုက် အတိုညှပ်လိုက်နဲ့ပဲ ပုံစံမျိုးစုံမတူအောင် နေတတ်တဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

Ren (Nu’est)

ဆံပင်ရှည်နဲ့လိုက်ဖက်တဲ့ အမျိုးသားကေပေါ့အိုင်ဒေါလ်တွေကို ပြောပါဆိုရင် Nu’est အဖွဲ့ဝင် Ren ကတော့ အမြဲပါလေ့ရှိပါတယ်။ သူကလည်း Heechul လိုပဲ အဖွဲ့စပြီး Debut လုပ်ချိန်ကတည်းက ဆံပင်ရှည်ထားသူဖြစ်ကာ ဆံပင်ရှည်နဲ့အင်မတန်လိုက်ဖက်လွန်းလို့ မိန်းကလေးတွေကတောင် ပြန်ပြီး အားကျရလောက်တဲ့အထိပါပဲ။

Jeonghan (Seventeen)

အသက် ၂၅ နှစ်အရွယ် Jeonghan ကတော့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ဖွဲ့စည်းထားတဲ့ Seventeen အဖွဲ့ဝင်တစ်ဦးပါ။ သူကလည်း Deubt ကတည်းက ဆံပင်ရှည်လေးနဲ့ ချောမောလွန်းလို့ တခြားအမျိုးသမီးကေပေါ့အိုင်ဒေါလ်တွေကတောင် ငေးရလောက်တဲ့အထိ ဆံပင်ရှည်နဲ့လိုက်ဖက်လွန်းလှပါတယ်။

Hyunjin (Stray Kids)

Hyunjin ကတော့ သူ့ရဲ့ပုံမှန်ဆံပင်တိုစတိုင်လ်ကနေပြီး ကွဲထွက်သွားအောင် ဆံပင်ရှည်ကိုထားလိုက်ရာကနေ ပိုပြီးလူသိများလာခဲ့ပါတယ်။ သူ့ရဲ့ပရိတ်သတ်တွေကဆိုရင်လည်း ဆံပင်တိုထက် ဆံပင်ရှည်နဲ့ပိုပြီးလိုက်ဖက်တယ်လို့တောင် ပြောကြပါသေးတယ်။

Taemin (Shinee)

လက်ရှိစစ်မှုထမ်းနေပြီဖြစ်တဲ့ Taemin ကလည်း ဆံပင်ရှည်နဲ့လိုက်ဖက်တဲ့ အိုင်ဒေါလ်တွေထဲက တစ်ယောက်ပါပဲ။ သူ့အစ်ကိုတွေကချစ်ရတဲ့ အကအင်မတန်တော်လှတဲ့ Taemin တစ်ယောက်ကတော့ ထွက်သမျှသီချင်းတိုင်း ကျော်ကြားရုံသာမက သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း လူသိများလှပါတယ်။

Image Source: Pinterest