အားလုံးပဲ မင်္ဂလာပါ။ မိတ်ကပ်လိမ်းတယ်ဆိုတာက ကိုယ့်မျက်နှာမှာရှိတဲ့ ဝက်ခြံတွေ၊ အမဲစက်တွေ စတဲ့ အပြစ်အနာအဆာတွေကို မိတ်ကပ်နဲ့ ဖုံးအုပ်ထားပြီး ပိုလှသထက်လှလာအောင် ပြုလုပ်ကြတာပါ။

ဒါပေမဲ့ အခုဖော်ပြပေးမယ့် ပြင်ဆင်ခြယ်သပုံ ၅ မျိုးကို ပြုလုပ်မိမယ်ဆိုရင် သင့်အလှကို မှေးမှိန်ပျောက်ကွယ်သွားပြီး ကြည့်ရဆိုးတာကြောင့် ပျိုမေလေးတို့ ရှောင်ကြဉ်နိုင်အောင်လို့ ဝေမျှလိုက်ပါတယ်။

သဘာဝမဆန်တဲ့ မျက်တောင်အတုတွေ

မျက်လုံးမိတ်ကပ်လိမ်းတဲ့အခါ မျက်တောင်တု မတပ်မနေရ တပ်ချင်တဲ့သူတွေက သဘာဝကျတဲ့ မျက်တောင်တုလေးတွေပဲ ရွေးတပ်ပေးပါ။ ဒါပေမဲ့ ကိုရီးယားမလေးတွေလို သဘာဝဆန်တဲ့ မိတ်ကပ် Look လေးလိုချင်တယ်ဆိုရင်တော့ မာစကာရာလေးလိမ်းပြီး မျက်တောင်ကော့ပေးလိုက်ရင်ပဲ လုံလောက်ပါပြီ။

မျက်ခုံးမွှေးကို မဲနက်နေအောင် အထူကြီးဆွဲခြင်း (သို့မဟုတ်) ပါးပါးမျှင်မျှင်လေးပဲ ဆွဲခြင်း

မျက်ခုံးမွှေးလှလှလေးက သင့်ကို ပိုမိုလှပသွားအောင် ပြုလုပ်ပေးနိုင်တာကြောင့် မျက်ခုံးမွှေးကို အနေတော်လောက်ပဲ ဆွဲပေးပါ။

Smokey မျက်လုံး အလွန်အကျွံခြယ်မိခြင်း

မျက်လုံးမိတ်ကပ်ခြယ်တဲ့အခါ Smokey မျက်လုံးလေးက ခြယ်ရအခက်ဆုံးပါပဲ။ Smokey မျက်လုံးကို ပုံဆိုးပန်းဆိုးခြယ်ထားတာထက်စာရင် ဘာမှ မခြယ်ထားတာက ပိုလှပါတယ်။ တကယ်လို့ စမ်းဆိုးချင်တယ်ဆိုရင်တောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပြီးမှ အပြင်သွားတဲ့အခါ ဆိုးသွားပါ။

နှုတ်ခမ်းနီကို ရှိရင်းစွဲ နှုတ်ခမ်းသားထက် ကျော်ဆိုးခြင်း

ဒီအမှားမျိုးကိုတော့ နှုတ်ခမ်းပါးတဲ့သူတွေ လုပ်လေ့ရှိပါတယ်။ နှုတ်ခမ်းလေး ပြည့်ပြည့်ဖူးဖူးလေးဖြစ်ချင်တော့ နှုတ်ခမ်းလိုင်နာကို ပင်ကိုနှုတ်ခမ်းသားထက်ကျော်လွန်ပြီး ဆိုးလိုက်တာပါ။ ဓာတ်ပုံရိုက်ရင်တော့ ကြည့်လို့ကောင်းပေမယ့် တကယ့်တကယ် အပြင်မှာကျတော့ မလှလို့ ရှောင်ကြဉ်သင့်ပါတယ်။

ပါးရိုးချခြင်း၊ မေးရိုးချခြင်းနဲ့ ပါးနီတို့ကို အလွန်အကျွံပြုလုပ်မိခြင်း

Contour လိမ်းခြင်း၊ မိတ်ကပ်အညိုတွေနဲ့ မျက်နှာသေးသွယ်သယောင်ဖြစ်အောင် မိတ်ကပ်လိမ်းခြင်းကလည်း ဓာတ်ပုံထဲမှာသာ လှနေမှာပါ။ သဘာဝလုံးဝမကျတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ဒါဆိုရင် သဘာဝအတိုင်းလှနေအောင် ဘယ်လိုလုပ်ရမလဲ

မိတ်ကပ်ပါးပါးလေးပဲ လိမ်းပါ။ ကိုယ့်မျက်နှာမှာ ဘယ်အစိတ်အပိုင်းက အလှဆုံးလဲဆိုတာကို သိနားလည်အောင်လုပ်ပြီး အလှပြင်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

Source: Brightside.me