မျက်မှန်နဲ့ကောင်မလေးတွေအတွက် makeup ပြင်တဲ့အခါမှာ အမြဲတမ်းချစ်ဖို့ကောင်းနေစေမယ့် makeup tips 5 ခုကို မျှဝေပေးလိုက်ပါတယ်။

Concealer သုံးပါ

မျက်မှန်တပ်ထားရင် မျက်ကွင်းညိုတာမပေါ်ဘူးမထင်ပါနဲ့။ ပေါ်ပါတယ်။ ဒါကြောင့် concealer သုံးပေးပါ။ Yellow-toned brightening concealer တွေသုံးပေးတာက ပိုကောင်းပါတယ်။ ဒါမှ မျက်လုံးနားတစ်ဝိုက်လင်းပြီး ပိုလှနေမှာပါ။

Mascara သုံးပါ

မျက်မှန်တပ်ထားလို့ ပြင်လည်းဘာမှမပေါ်ဘူး၊ မထူးဘူးဆိုပြီး မပြင်မဆင်မနေပါနဲ့။ မျက်မှန်တပ်ရင် မျက်တောင်လေးကို ရှည်ပြီးကော့နေအောင် volumising mascara လေးသုံးပြီး ကော့ပေးပါ။ မျက်လုံးအလှလေး ပိုပေါ်လွင်စေပါတယ်။

Light eyeshadow shades

မျက်မှန်တပ်ထားပြီး eyeshadow လေးခြယ်ပေးပါ။ Eyeshadow ခြယ်တဲ့အခါမှာ မှောင်တဲ့အရောင်တွေ မခြယ်ပါနဲ့။ Light eyeshadow shades လေးတွေခြယ်ပေးပါ။ မျက်လုံးလေးလင်းပြီး ပိုလှပါတယ်။ ပိုပြီးငယ်ရွယ်တဲ့ပုံစံလေး ဖြစ်စေပါတယ်။

မျက်ခုံးမွှေးသေချာဆွဲပါ

မျက်မှန်နဲ့ကောင်မလေးတွေက မျက်ခုံးမွှေးကို ထင်းပြီးလှနေအောင် သေချာဆွဲပေးပါ။ မျက်ခုံးမွှေးလေးထင်းနေရင် ပိုလှပါတယ်။

Setting Powder သုံးပါ

မျက်မှန်တပ်ရင် အထူးသဖြင့် နှာခေါင်းနားနဲ့ မျက်လုံးနားတစ်ဝိုက်မှာ အဆီပြန်ချွေးထွက်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် makeup လိမ်းပြီးရင် setting powder လေးသုံးပေးပါ။