မျက်ကပ်မှန်တပ်ရင် လိမ်းရမယ့်မိတ်ကပ်လိမ်းနည်းကို တော်တော်များများ ဖတ်ဖူးကြမှာပါ။ ဒါကတော့ မျက်ကပ်မှန်တပ်ထားတဲ့ မျက်လုံးတွေကို မထိခိုက်စေဖို့ မိတ်ကပ်လိမ်းတဲ့အခါ သတိထားရမယ့်အချက်လေးတွေပါ။
လက်ဆေးပါ
မျက်ကပ်မှန်မတပ်ခင်မှာ လက်ကိုသေချာဆေးဖို့လိုသလို 100 ရာခိုင်နှုန်း ခြောက်သွေ့ဖို့လည်း လိုပါတယ်။ ဘာလို့လဲဆိုတော့ ဘုံဘိုင်ခေါင်းကရေမှာ မျက်လုံးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ Acanthamoeba လို့ခေါ်တဲ့ ကပ်ပါးပိုးတွေ ပါနေနိုင်တာကြောင့်ပါ။
မျက်ကပ်မှန်အရင်တပ်ပါ
မိတ်ကပ်မလိမ်းခင်မှာ အရင်ဆုံး မျက်ကပ်မှန်တပ်ပါ။ ပြီးမှာ Moisturizer လိမ်းပြီး မိတ်ကပ်လိမ်းပါ။
Sponge နဲ့ လိမ်းပါ
မိက်ကပ်လိ်မ်းတဲ့အခါ လက်နဲ့လိမ်းမယ့်အစား Sponge နဲ့လိမ်းပေးပါ။ Sponge နဲ့လိမ်းတာက တစ်ကိုယ်ရေသန့်ရှင်းမှုသာမကဘဲ မျက်လုံးထဲကို မဝင်အောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် မျက်ခွံရဲ့ အတွင်းထောင့်တွေကို မိတ်ကပ်လိမ်းတဲ့အခါ Brush အသေးလေးကို သုံးပေးပါ။
Oil-Free Products ကို သုံးပေးပါ
မျက်လုံးတဝိုက်မှာ သုံးရတဲ့ Eye-cream နဲ့ Eyeshadow တွေမှာ အဆီပါတဲ့အခါ အခန့်မသင့်ရင် မျက်လုံးထဲကို ရောက်သွားနိုင်ပါတယ်။ ဒီတဲ့အဆီတွေက မျက်လုံးကိုမထိခိုက်စေနိုင်ဘူးဆိုပေမယ့် မှန်ဘီလူးတွေက တိမ်ဖုံးသလိုဖြစ်ကုန်ပြီး အမြင်ကြည့်ရခက်စေမှာပါ။
Mascara ကို အထူကြီးမသုံးပါနဲ့
တချို့မိန်းကလေးတွေက ထူထဲတဲ့ Mascara တွေကို ကြိုက်တတ်ကြပေမယ့် contact တွေ ဝတ်ရင်တော့ Mascara ကို အထူကြီးမသုံးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုလျှံနေတဲ့ အမှုန်အမွှားတွေက မျက်လုံးထဲကို ပြုတ်ကျပြီး မျက်ကပ်မှန်အောက်မှာ ပိတ်မိနေနိုင်လို့ပါ။ Fibers ပါတဲ့ Mascaras တွေလည်း အတူတူပါပဲ။