ယောင်္ကျားလေးတွေက မိန်းကလေးတွေလို Skincare Step တွေ အများကြီးလိမ်းနေစရာ သိပ်မလိုပါဘူး။ တချို့ယောင်္ကျားလေးတွေကျတော့လည်း Skincare လုပ်ရမှာပျင်းလို့ မျက်နှာသစ်ပြီး Cream တစ်ခုခုလိမ်းတာလောက်ပဲ လုပ်ကြပါတယ်။ တချို့ယောင်္ကျားလေးတွေကျတော့လည်း Skincare ကို သေချာလုပ်ချင်ကြပါတယ်။ မိန်းကလေးဖြစ်ဖြစ်၊ ယောင်္ကျားလေးဖြစ်ဖြစ် အသက်ကြီးငယ်မရွေး Skincare လုပ်တာက ကောင်းတဲ့အရာပါ။ ဒါကြောင့် Skincare သေချာလုပ်ချင်တဲ့ ယောင်္ကျားလေးတွေအတွက် အဓိကလိုအပ်တဲ့ Skincare Step 5 ခုကို ပြောပြပေးလိုက်ပါတယ်။

Cleanser

Skincare လုပ်တော့မယ်ဆိုရင် Cleansing Step က အရေးကြီးပါတယ်။ ယောင်္ကျားလေးအများစုက အဆီပြန်ကြတာ များပါတယ်။ ဒါကြောင့် Cleanser ကို ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုး ရွေးသုံးပေးပါ။

Serum

Skincare ထဲမှာဆိုရင် Serum Step က အသားအရေကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေကောင်းချင်ရင် Serum ကောင်းကောင်းလေး သုံးပေးပါ။ မနက်မသုံးချင်ရင်တောင် ညဘက်ကိုတော့ သေချာသုံးပေးပါ။

Moisturizer

Moisturizer လိမ်းမှ အသားအရေ ခြောက်သွေ့ပြီး မွဲခြောက်တာမျိုး မဖြစ်မှာပါ။ အသားအရေစိုပြည်ဖို့ Moisturizer Step ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ မနက်ပိုင်း Serum မသုံးရင်တောင်မှ Moisturizer ကိုတော့ လိမ်းရပါမယ်။ မနက်၊ ည လိမ်းပေးပါ။

Eye Cream

အရေးအကြောင်းတွေဖြစ်တာ အများဆုံးနဲ့ အမြန်ဆုံးက Eye Area ပါပဲ။ ဆယ်ကျော်သက်ထဲက Eye Cream သုံးပေးရင် အသက်ကြီးလာတဲ့အခါ Eye Cream မသုံးတဲ့ ကိုယ့်ထက်ငယ်တဲ့သူနဲ့ ယှဉ်ရင်တောင် ကိုယ်ကနုနေသလိုမျိုး ဖြစ်စေပါတယ်။ အရေးအကြောင်းရှိပြီး မျက်ကွင်းညိုရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်သလို ဖြစ်စေပါတယ်။ ဒါကြောင့် Eye Cream ကောင်းကောင်းလေး သုံးပေးပါ။

Sunscreen

Skincare တွေလုပ်နေပြီး Sunscreen မလိမ်းရင်တော့ အလကားပါပဲ။ နေလောင်ပြီး တင်းတိတ် အမဲစက်တွေတောင် ထွက်လာမှာပါ။ ဒါကြောင့် Sunscreen လိမ်းဖို့လည်း လုံးဝမမေ့ပါနဲ့။

တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါလောက် Exfoliate လုပ်ပေးနိုင်ရင်လည်း ကောင်းပါတယ်။ Exfoliate လုပ်တာက ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးလို့ ကိုယ်လိမ်းတဲ့ Skincare တွေရဲ့ အာနိသင် ပိုမိုထိရောက်စေပါတယ်။ မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ပေမယ့် သုံးပေးရင်တော့ ပိုကောင်းတာပေါ့။