Motivation ရှိနေမှလည်း တက်ကြွပြီး ကြိုးစားချင်စိတ်တွေ၊ လုပ်ချင်ကိုင်ချင်စိတ်တွေ ဖြစ်နေမှာပါ။ Motivation ပျောက်ဆုံးနေရင် ဘာလုပ်လုပ်အဆင်မပြေဘူးလို့ ခံစားရတာမျိုးတွေ၊ စိတ်ညစ်ပြီး စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒီလို Motivation ပျောက်ဆုံးနေရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ ဒီအရာ ၅ ခုကြောင့် ဖြစ်တာများပါတယ်။

ကိုယ့်ကိုယ်ကိုသံသယဝင်ခြင်း

ဘာပဲလုပ်လုပ် ငါလုပ်နိုင်တယ်၊ ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးမထားပဲနဲ့ ကိုယ့်ကိုယ်ကိုသံသယတွေများပြီး ငါလုပ်နိုင်မှာမဟုတ်ဘူး၊ ငါဖြစ်နိုင်ပါ့မလားနဲ့ တွေးနေရင်တော့ တစ်ဖြေးဖြေးနဲ့ Motivation က ပျောက်ဆုံးလာမှာပါပဲ။ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုမရှိပဲ သံသယတွေများနေမှတော့ တခြားသူကလည်း ကိုယ့်အပေါ် ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။

စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာခြင်း

တခြားအကြောင်းအမျိုးမျိုးကြောင့်ရလာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိပြီး စိတ်ညစ်နေရတာ၊ စိတ်ဖိစီးမှုတွေများနေရတာ၊ စိတ်ဓာတ်ကျနေရတာမျိုးတွေ ဖြစ်နေတဲ့အခြေအနေမျိုးမှာဆိုရင်လည်း Motivation ပျောက်ဆုံးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရာရာကို အကောင်းမြင်စိတ်ထားပြီး အကောင်းဘက်ကပဲ တွေးနိုင်တဲ့သူက အမြဲစိတ်ချမ်းသာပြီး စိတ်သက်သာရာရစေပါတယ်။ ဘယ်အရာကိုမဆို စတွေးထဲက မကောင်းတဲ့အတွေးတွေ Negative ဘက်သွားတာတွေပဲ တွေးနေမယ်၊ ပြောနေမယ်ဆိုရင်လည်း သင့်မှာ Motivation က တစ်ဖြေးဖြေး ပျောက်ဆုံးလာမှာပါပဲ။

ဘယ်အရာကိုမှဖြစ်မြောက်အောင်မလုပ်ခြင်း

အလုပ်နဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ်၊ စာနဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ် ပြီးမြောက်အောင်၊ ဖြစ်မြောက်အောင် လုပ်သင့်ပါတယ်။ ဒါမှ ငါလုပ်နိုင်တယ်ဆိုပြီး Motivation ရပြီး ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာမှာပါ။ အဲ့လိုမဟုတ်ပဲ ဘယ်အရာကိုပဲလုပ်လုပ် ဖြစ်မြောက်အောင်မလုပ်ပဲ တစ်ဝက်တစ်ပျက်မှာတင် ရပ်လိုက်ရင်တော့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်တဲ့အတွက် စိတ်ဓာတ်ကျပြီး Motivation ကလည်း ပျောက်ဆုံးသွားမှာပါ။

မသေချာတဲ့ပန်းတိုင်တွေကိုပဲဦးတည်နေခြင်း

ကိုယ့်အတွက်သေချာတဲ့ပန်းတိုင်ကို တည်ဆောက်ပြီး ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်ပါ။ မဟုတ်တာတွေပဲတွေးပြီး မသေချာတဲ့ပန်းတိုင်တွေဆီပဲ ဦးတည်ပြီး လျှောက်လုပ်နေရင်တော့ လမ်းပျောက်ပြီး Motivation တွေလည်း ရှိတော့မှာမဟုတ်ပါဘူး။