စိတ်မကြည်လင်ရင် အလုပ်လုပ်ရတာ စိတ်မပါသလို၊ လုပ်နေရင်းနဲ့လည်း စိတ်တွေရှုပ်ပြီး စိတ်တိုလာတာမျိုးတွေ၊ အာရုံမရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်တော့မယ်ဆိုရင် စိတ်ကြည်လင်လန်းဆန်းနေဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို အလုပ်လုပ်နေချိန်မှာ စိတ်ကြည်လင် လန်းဆန်းနေအောင် ကူညီပေးနိုင်မယ့်အရာ ၅ ခုတော့ ရှိပါတယ်။

သီချင်းနားထောင်ပါ

အလုပ်လုပ်နေချိန်မှာ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ၊ ခမ်မြူးမြူးသီချင်းလေးတွေ နားထောင်ပြီး အလုပ်လုပ်ရင် တက်တက်ကြွကြွဖြစ်စေတယ်။ စိတ်ကြည်လင်လန်းဆန်းပြီး သီချင်းသံဇဉ်နဲ့အတူ အလုပ်လုပ်တာ ပိုမြန်လာစေပါတယ်။

မုန့်စားပါ

အလုပ်လုပ်နေရင်းနဲ့ ကိုယ်ကြိုက်တဲ့မုန့်တွေဘေးချပြီး စားလိုက်၊ လုပ်လိုက်နဲ့ဆို အလုပ်လုပ်ရတာလည်း မပျင်းတော့ဘူး၊ စိတ်လည်းပျော်ရွှင်စေပါတယ်။

အလုပ်စားပွဲကိုလှလှပပလေးထားပါ

ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ကိုယ်အလုပ်လုပ်တဲ့ အလုပ်စားပွဲကို မြင်တာနဲ့ ထိုင်ချင်စိတ်၊ အလုပ်လုပ်ချင်စိတ်လေးဖြစ်အောင် စားပွဲကို လှလှပပလေး၊ ချစ်စရာကောင်းအောင်လေး ပြင်ဆင်ထားပါ။

အေးတဲ့နေရာမှာလုပ်ပါ

အလုပ်လုပ်တဲ့အချိန်မှာ ပူလောင်နေရင် အလုပ်လုပ်ရတာ စိတ်ရှုပ်ပြီး စိတ်တိုလာမယ်။ စိတ်မပါတော့ဘူး။ အာရုံလည်း ကောင်းကောင်းမစုစည်းနိုင်တော့ပါဘူး။ ဒါကြောင့် အလုပ်လုပ်တဲ့နေရာက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးနေဖို့လိုပါတယ်။ ဒါမှ အလုပ်လုပ်ရတာ စိတ်ပျော်ရွှင်ပြီး ကောင်းကောင်းလုပ်နိုင်မှာပါ။

ကော်ဖီသောက်ပါ

ကော်ဖီကြိုက်တဲ့သူတွေအတွက်ကတော့ ကော်ဖီလေးသောက်ပြီး အလုပ်လုပ်ရတာက စိတ်ပျော်ရွှင်မှုရစေပါတယ်။ အလုပ်လုပ်ရတာလည်း စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

photo source: www.freepik.com