အကျင့်ဟာ လူကို ပြင်ပါတယ်။ ကောင်းမွန်တဲ့ အကျင့်တစ်ခုဟာ တိုးတက်အောင်မြင်တဲ့ လူတစ်ယောက်ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အကျင့်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ သိထားဖို့ လိုမှာပါ။ ဒီထဲမှာတော့ အကျင့်တွေကို စနစ်တကျသုတေသနပြုရာကနေ သိလာတဲ့ အချက်တစ်ချို့အကြောင်းကို ဖော်ပြထားပါတယ်။

Photo : Shutterstock

(၁) နေ့စဉ်လုပ်သမျှရဲ့ ၄၅% ခန့်ဟာ အလိုအလျောက်လုပ်မိတာပါ။ ကားမောင်းတဲ့ စကားနဲ့ ပြောမယ်ဆိုရင် တစ်နေ့တာ လုပ်ရပ်ရဲ့ ၄၀% ဟာ Autopilot Mode နဲ့ မောင်းနေတာပါပဲ။ တကယ်တော့ ဒါဟာ အကျင့်အလျောက် ဖြစ်နေတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စတွေပါတဲ့။

(၂) အကျင့်ဆိုးတစ်ခုကို ဖျောက်ဖျက်ဖို့ အကောင်းဆုံး နည်းလမ်းသိချင်လား။ အကျင့်ဆိုးတစ်ခုကို ချိုးဖျက်ဖို့ လျှို့ဝှက်ချက်က အဲ့ဒီအကျင့်တွေကို ဖျောက်ပစ်ဖို့မဟုတ်ဘဲ အကျင့်ကောင်းတွေနဲ့ အစားထိုးလိုက်ဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo : Shutterstock

(၃) အကျင့်တစ်ခု မွေးယူချိန်မှာ Start Small (သေးသေးကစပါ) ။ ရိုးနိုင်သမျှ ရိုးတာက စပြီး ဆက်တိုက်လုပ်ကြည့်ပါတဲ့။ အကျင့်တွေဟာ ဖျော်ရခက်သလိုပဲ မွေးရလည်း ခက်ပါတယ်။

(၄) အကျင့်တွေက ဦးနှောက်အတွက် စွမ်းအင်ချွေတာပေးပါတယ်။ ဦးနှောက်ဟာ ကမ္ဘာပေါ်က စွမ်းအင်အမြင့်ဆုံး Processor တစ်ခုနဲ့ နှိုင်းလို့ ရပါတယ်။ ခန္ဓာကိုယ်ထုထည်ရဲ့ ၂% တောင် မရှိတဲ့ ဦးနှောက်ဟာ သင်အသက်ရှုသမျှ အောက်ဆီဂျင်ရဲ့ ၂၅% ကို စားသုံးပါတယ်။ အလေ့အကျင့်တွေက ဦးနှောက်ရဲ့ စွမ်းအင်ကို Save ဖြစ်စေပါတယ်။

Photo : Shutterstock

(၅) အကျင့်ကောင်းတစ်ခု ကိုယ့်မှာ စွဲလာဖို့ ဒါဖြစ်ရင် ဒါလုပ်သင့်တယ်ဆိုတဲ့ If-Then plan တစ်ခု ဖန်တီးပါ။ သူငယ်ချင်းတွေဆီက အထောက်အပံ့ယူပါ။ အကျင့်ကောင်းတစ်ခု ရလာဖို့ ပျမ်းမျှ ၆၆ ရက် ကြာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အနည်းဆုံး ၃ လကျော်လောက်မှ စွဲစွဲမြဲမြဲ မလုပ်ရင် အဲ့ဒီအကျင့်က အလွယ်လေးနဲ့ ပျက်သွားနိုင်ပါတယ်။