မိန်းကလေးတိုင်းကတော့ နှုတ်ခမ်းနီဆိုးကြမှာပါပဲ။ နှုတ်ခမ်းနီဆိုးထားတဲ့သူဟာ နှုတ်ခမ်းနီမဆိုးထားတဲ့သူထက် ပိုပြီးမျက်နှာကလင်းလင်းလေးနဲ့ လှပနေတာပါ။ ဒီလိုနှုတ်ခမ်းနီဆိုးတော့မယ်ဆိုရင် Perfect ဖြစ်ပြီး လှပသပ်ရပ်နေအောင် သတိထားရမယ့်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

နှုတ်ခမ်းခြောက်နေရင်တော့ နှုတ်ခမ်းနီဆိုးရင် လုံးဝမလှပါဘူး။ ဒါကြောင့် နှုတ်ခမ်းသားခြောက်သွေ့နေတဲ့သူတွေဟာ နှုတ်ခမ်းနီမဆိုးခင်မှာ Lip Balm ကိုအရင်ဆိုးပေးပါ။ ပြီးရင် နှုတ်ခမ်းကို သွားပွတ်တံနဲ့ပွတ်တိုက်ပေးပြီး တစ်ရှူးနဲ့သုတ်လိုက်ပါ။ ဒါတွေလုပ်ပြီးမှ နှုတ်ခမ်းနီဆိုးမယ်ဆိုရင်တော့ လှပတဲ့နှုတ်ခမ်းလေးကို ရရှိစေမှာပါ။

Source: www.advanceddermatologypc.com

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ လှပသေသပ်နေစေဖို့ Lip Liner နဲ့ပုံဖော်ဖို့ မမေ့ပါနဲ့။ နှုတ်ခမ်းနီဆိုးပြီးရင် မညီမညာနဲ့ပေကျံသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နှုတ်ခမ်းနီဆိုးပြီးတိုင်းမှာ Concealer ကို Brush နဲ့ယူပြီး နှုတ်ခမ်းဘေးနားတွေမှာ လိုက်သုတ်ပေးပါ။

Source: www.trendcrown.co

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ Long Lasting ကြာရှည်ခံအောင် နှုတ်ခမ်းနီဆိုးပြီးတာနဲ့ တစ်ရှူးကိုနှုတ်ခမ်းမှာကပ်လိုက်ပါ။ ပေါင်ဒါကို Brush နဲ့ယူပြီး ကပ်ထားတဲ့တစ်ရှူးမှာပွတ်မယ်ဆိုရင်တော့ ဆိုးထားတဲ့နှုတ်ခမ်းနီဟာ ကြာရှည်ခံပါတယ်။

Source: www.thenailspa.com

နှုတ်ခမ်းနီကို အရောင်အရမ်းနုတာမျိုးဆိုးချင်ရင် နှုတ်ခမ်းသားမှာ Foundation အရင်တို့လိမ်းပေးပြီး Brush နဲ့ပွတ်ပေးပါ။ ပြီးမှသာ Nude Color ဘက်သွားတဲ့ အရောင်နုတာလေးကိုဆိုးပေးမယ်ဆိုရင်တော့ နှုတ်ခမ်းနီအရောင်နုတာလေးကိုလည်း ရရှိစေသလို နှုတ်ခမ်းနီလည်းကြာရှည်ခံပါတယ်။

Source: www.lamdep.net.vn

များသောအားဖြင့် လှည့်ဖွင့်ရတဲ့နှုတ်ခမ်းနီတောင့်တွေဟာ ဆိုးလို့မရတော့လို့ကုန်သွားပေမယ့် အထဲမှာ နှုတ်ခမ်းနီတွေက ကျန်နေပါသေးတယ်။ ဒါကြောင့် ကလော်လို့ရတဲ့အရာတစ်ခုကိုယူပြီး နှုတ်ခမ်းနီအတောင့်ထဲကို ကလော်လိုက်မယ်ဆိုရင်တော့ နှုတ်ခမ်းနီတွေပါလာတာကို တွေ့ရမှာပါ။

ရလာတဲ့နှုတ်ခမ်းနီတွေကို ဇွန်းထဲထည့်ပြီး ဖယောင်းတိုင်နဲ့မီးအပူပေးပါ။ အရည်ပျော်သွားရင်တော့ မျက်ကပ်မှန်ထည့်တဲ့ဘူး (သို့) ဘူးအလွတ်တစ်ခုထဲကို ထည့်ထားလိုက်ပါ။ ပြီးရင်တော့ ကိုယ်ဆိုးချင်တဲ့အခါမှာ Brush လေးနဲ့ယူပြီး ဆိုးလို့ရပါတယ်။

Source: www.youtube.com