မင်္ဂလာပါ ပျိုမေတို့ရေ။ အသားညိုသူ၊ ဖြူသူမရွေး မိတ်ကပ် Look တစ်ခုပြည့်စုံဖို့အတွက် နှုတ်ခမ်းနီဆိုးရတဲ့အဆင့်က အရေးအကြီးဆုံးပါပဲ။ အခုနောက်ပိုင်းမှာ ထွေထွေထူးထူး မိတ်ကပ်မပြင်ချင်တဲ့သူတွေဆိုရင် နှုတ်ခမ်းနီလေးဆိုး၊ မျက်ခုံးမွှေးလေးဆွဲလိုက်ရုံလောက်ပဲ လိမ်းတာမျိုး လုပ်လာကြပါတယ်။ ဒီလိုလုပ်ဖို့ ကိုယ့်အသားအရောင်နဲ့လိုက်ဖက်တဲ့အရောင်ရွေးတတ်ဖို့လည်း လိုတာမို့ ဒီတစ်ခေါက်မှာ ညိုချောလေးတွေ ရွေးချယ်သင့်တဲ့ နှုတ်ခမ်းနီအရောင်တွေကို ဖော်ပြပေးသွားမှာပါ။ အသားညိုလို့ အရောင်ရွေးရခက်နေသူတွေအတွက် အသုံးဝင်မှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

အနီရောင်

အရောင်အရင့်တွေက ညိုချောတွေနဲ့ အလိုက်ဖက်ဆုံးကာလာလို့ ပြောလို့ရပါတယ်။ အနီရောင်ခပ်ရင့်ရင့်လေးဆိုးလိုက်တာက ထွေထွေထူးထူးပြင်စရာမလိုဘဲ မျက်နှာကျထင်းပြီး ညိုအားပြင်းတဲ့ ဆွဲဆောင်မှုမျိုး ပေါ်လွင်စေမှာပါ။

Nude ဖြစ်တဲ့ကာလာ


အသားရောင်နဲ့ အညိုဘက်သန်းတဲ့ Nude ကာလာလေးတွေက ကိုယ့်အသားရောင်နဲ့ တစ်သားတည်းဖြစ်စေတာမို့ Natural ဆန်တဲ့ အလှမျိုး ပိုင်ဆိုင်စေပါတယ်နော်။ ခပ်ပါးပါး မိတ်ကပ် Look နဲ့လိုက်မယ့်နှုတ်ခမ်းနီမျိုးလိုချင်တယ်ဆိုရင် Nude ဆန်တဲ့ကာလာလေးသာ ရွေးဆိုးလိုက်ပါ။

လိမ္မော်ဖောက်တဲ့ Peach ကာလာ


လိမ္မော်ဘက်သွားတဲ့ အရောင်တွေက အသားညိုသူတွေနဲ့လိုက်ဖက်ပြီး မျက်နှာလေးပိုလင်းသွားစေပါတယ်နော်။ ပါးနီနဲ့ နှုတ်ခမ်းနီကို အရောင်တူ Peach ကာလာလေးရွေးဆိုးတာက အသားဖြူသွားသလို မြင်ရစေမှာပါ။

ကြက်သွေးရောင်


အနီနဲ့အညိုစပ်ထားသလို အရောင့်ရင့်တစ်မျိုးဖြစ်တဲ့ ကြက်သွေးရောင်နှုတ်ခမ်းနီကလည်း သင့်ကိုခပ်ချေချေနဲ့ ပြတ်သားပြီး ယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက်ပုံစံ ပြောင်းလဲပေးမှာပါ။

အညိုရောင်


နောက်ထပ် ညိုချောလေးတွေအတွက် ဆွဲဆောင်မှုရှိပြီး အထာကျတဲ့ ကာလာကတော့ အညိုရောင်ပါနော်။ Lip Liner လေးနဲ့ပါပုံဖော်ပြီး ခပ်ထင်းထင်းဆွဲပေးမယ်ဆိုရင် နှုတ်ခမ်းသားပြည့်ပြည့်ဖူးဖူးလေးပိုပေါ်ကာ အထာအရမ်းကျပါတယ်။

Photo Source: Pinterest

By MyStyle Myanmar