Lip balm ဆိုရင် နှုတ်ခမ်းကိုဆိုးဖို့လိုပဲ သိထားကြတာများပါတယ်။ တကယ်တော့ တခြားနေရာတွေအတွက်လည်း အသုံးချလို့ရပါသေးတယ်။ ဒီတော့ မိန်းကလေးတိုင်းရဲ့ အလှအပအတွက် lip balm ရဲ့ သင်မသိသေးတဲ့ အသုံးဝင်ပုံ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ဆံစထောင်နေတာအတွက်

ဆံပင်ငုတ်တိုလေးတွေ ထောင်နေတာမျိုး၊ ဆံစလေးတွေ ဖွာထွက်ပြီး ထောင်နေတာမျိုးတွေဖြစ်ရင် အရမ်းစိတ်ရှုပ်စရာ၊ စိတ်တိုစရာ ဖြစ်ရပါတယ်။ ဆီနဲ့သပ်ချလည်း ခဏပဲ ပြန်ထောင်လာတာပါပဲ။ ဆီထည့်တာများသွားရင်လည်း ဆံပင်က ကပ်သွားတတ်တော့ အဆင်မပြေပါဘူး။ ဒီလိုအချိန်မှာ lip balm ကိုသုတ်ပေးရင် ဆံစထောင်နေတာတွေ အကုန်ပြားပြီး ဆံပင်သိပ်သိပ်လေး ဖြစ်သွားပါလိမ့်မယ်။

Makeup Remover အဖြစ်သုံးခြင်း

Makeup remover ကုန်သွားလို့ပဲဖြစ်ဖြစ်၊ မေ့ခဲ့ရင်ပဲဖြစ်ဖြစ် lip balm ကိုသာ ထုတ်သုံးလိုက်ပါ။ Lip balm ကို သုတ်ပြီး လက်လေးနဲ့ပွတ်ပါ။ ပြီးရင် cotton pad နဲ့ ပွတ်လိုက်ရုံနဲ့ makeup တွေ ပါသွားပါလိမ့်မယ်။

Highlighter အဖြစ်သုံးခြင်း

Lip balm က အပြောင်လေး၊ စိုစိုလေးဖြစ်တဲ့အတွက် highlighter အနေနဲ့လည်း သုံးလို့ရပါတယ်။ စိုစိုပြောင်ပြောင်လေးနဲ့ glow look လေး ရစေပါတယ်။

Eyeshadow ကြာရှည်ခံအောင်သုံးခြင်း

Eyeshadow မခြယ်ခင်မှာ lip balm ကို base အနေနဲ့ မျက်ခွံမှာအရင်သုတ်ပါ။ ပြီးမှ eyeshadow ခြယ်မယ်ဆိုရင်တော့ ပုံမှန်ထက်ပိုပြီး ခြယ်ထားတာက ကြာရှည်ခံစေပါတယ်။

ဖိနပ်ပေါက်တဲ့အခါမှာသုံးခြင်း

ဖိနပ်ပေါက်ပြီးနာတာ၊ ရေကြည်ဖုထတာ၊ အရေခွံလေးလန်သလို ဖြစ်သွားတာတွေဆိုရင် lip balm ကို လက်နဲ့ကလော်ယူပြီး ဖြစ်တဲ့နေရာကို လိမ်းပေးပါ။ နာတာသက်သာစေပြီး ဖိနပ်ပြန်စီးမယ်ဆိုလည်း အရမ်းမနာတော့ပဲ အဆင်ပြေသွားပါလိမ့်မယ်။