စိတ်ညစ်နွမ်းနေချိန်မှာပြန်ကြည့်လို့ကောင်းတဲ့ K Drama (၅) ကားK Drama ပရိသတ်လေးတွေ စိတ်ညစ်နွမ်းပြီး၊ စိတ်ရှုပ်စရာတွေဖြစ်နေချိန်မှာ ကြည်နူးစရာကောင်းပြီး ရယ်စရာလေးတွေလည်းပါတဲ့ ကိုရီးယားကားတွေကို ကြည့်သင့်ပါတယ်။ ဒီလို K Drama လေးတွေက စိတ်ကိုပျော်ရွှင်ကြည်နူးမှုပေးနိုင်တာကြောင့် စိတ်ညစ်နေချိန်တွေမှာ ကြည့်လို့အကောင်းဆုံးပါပဲ။ ဒါကြောင့် စိတ်ညစ်နွမ်းနေချိန်မှာ ပြန်ကြည့်လို့ကောင်းတဲ့ K Drama (၅) ကားကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Clean With Passion For Now

ဒီကားလေးကိုတော့ ကြည့်ပြီးသားတွေလည်းရှိသလို၊ မကြည့်ရသေးတဲ့သူတွေလည်းရှိမှာပါ။ အရမ်းအသန့်ကြိုက်တဲ့ကောင်လေးနဲ့ အလွဲတွေပဲလုပ်နေတဲ့ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တာကြောင့် ရယ်လည်းရယ်ရပြီး ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်။ ဒါကြောင့် စိတ်ညစ်နွမ်းနေချိန်မှာ ပြန်ကြည့်လို့အကောင်းဆုံးပါပဲ။

My ID Is Gangnam Beauty

ဒီ drama ကျတော့ ရယ်ရတဲ့ကားမျိုးမဟုတ်ပေမယ့် ကြည့်ရတာစိတ်ကြည်နူးမှုရစေပါတယ်။ ဒီကားကိုမကြိုက်တဲ့သူလည်း ရှားပါတယ်။ ကြည့်ပြီးသားပေမယ့် နည်းနည်းကြာနေပြီမို့ ပြန်ကြည့်မယ်ဆိုုလည်း ရိုးမသွားစေပါဘူး။ စိတ်ညစ်နေချိန်မှာ ကြည်နူးစရာကားလေးတွေကြည့်ချင်ရင်တော့ My ID Is Gangnam Beauty ကိုပြန်ကြည့်ပါ။

Touch Your Heart

တော်တော်များများသဘောကျကြတဲ့ drama လေးပါ။ ရိုတာလေးတွေလည်းပါသလို၊ ရယ်ရတာလေးတွေလည်းပါတာကြောင့် စိတ်ပျော်ရွှင်ကြည်နူးမှုရစေပါတယ်။ ကြာလည်းကြာနေပြီမို့ ပြန်ကြည့်မယ်ဆို ကြည့်လို့ကောင်းနေမှာပါပဲ။

What’s Wrong With Secretary Kim

ဒီ drama ဆိုလည်း မကြည့်ရသေးတဲ့သူရှားပါတယ်။ ရယ်လည်းရယ်ရသလို၊ ရိုတာလေးတွေလည်းပါတယ်။ မင်းသား၊ မင်းသမီးကလည်း kdrama fan တွေ အရမ်းကြိုက်ကြတဲ့သူတွေမို့ ပြန်ကြည့်သင့်ပါတယ်။ စိတ်ညစ်နေချိန်မှာ ပြန်ကြည့်ရင်တော့ ညစ်နေတာတွေ နည်းနည်းလျော့သွားမှာပါ။

Welcome to Waikiki

စိတ်ညစ်နေချိန်၊ အထီးကျန်နေချိန်၊ ဝမ်းနည်းနေချိန်၊ ပျင်းတဲ့အချိန်တွေမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် ကြည့်ဖို့အတွက် recommend လုပ်ခံရတဲ့ထဲမှာ Welcome to Waikiki ကတော့ မပါမဖြစ်ပါပဲ။ ဘယ်နှစ်ခါပြန်ကြည့်ကြည့်လည်း ရိုးမသွားပဲ ရယ်နေရတာပါ။ Season 1 နဲ့ Season 2 ရှိတာကြောင့် စိတ်ကြိုက်ကြည့်ရုံပဲ။

source:www.soompi.com