အလုပ်များတယ်ဆိုပြီး အလုပ်ပြီးအလုပ် နားချိန်မရှိ ထိုင်လိုက် လုပ်လိုက်နဲ့ အချိန်ကုန်နေတာမျိုး မဖြစ်သင့်ပါဘူး။ ကြာလာရင် ကျန်းမာရေးထိခိုက်ပါလိမ့်မယ်။ ဘယ်လောက်ပဲအလုပ်များနေပါစေ ကိုယ့်ရဲ့ lifestyle ကိုတော့ သေချာဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှ healthy lifestyle ကို ရရှိမှာပါ။ ဒါကြောင့် အလုပ်များတဲ့သူတွေ မဖြစ်မနေလိုက်နာသင့်တဲ့ lifestyle (၅) ခုကို ပြောပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ဘယ်လောက်ပဲ အလုပ်များနေပါစေ အိပ်ရေးဝအောင်တော့ အိပ်ရပါမယ်။ တစ်နေ့ကို ၈ နာရီပြည့်အောင်အိပ်ပါ။ အိပ်ရေးဝမှလည်း အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကို သေချာအာရုံစိုက်နိုင်မယ်၊ ကိုယ်ခံအားလည်း ကောင်းနေပါမယ်။ အိပ်ရေးမဝရင် ခေါင်းမကြည်တာ၊ အားနည်းတာတွေ ဖြစ်လာပြီး ကျန်းမာရေး ထိခိုက်ပါလိမ့်မယ်။

အနားယူချိန်ထားပါ

အနားယူဖို့ အချိန်မရှိရင် stress တွေ အရမ်းပိပြီး စိတ်ရောလူပါ ခြေကုန်လက်ပန်းကျတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များနေပါစေ တစ်ပတ်မှာ တစ်ရက်လောက် သီးသန့် အေးဆေးအနားယူဖို့ အချိန်ပေးပါ။ ဒီလိုအချိန်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေ ကုန်ဆုံးပါ။ နေ့တိုင်းကိုလည်း တစ်နေ့ကို ၂ နာရီလောက် နားချိန်သတ်မှတ်ပါ။

လေ့ကျင့်ခန်းလုပ်ပါ

အလုပ်များတဲ့သူတွေက အလုပ်ပင်ပန်းတဲ့အတွက် လေ့ကျင့်ခန်းကို ပိုတောင်လုပ်ပေးသင့်ပါတယ်။ တစ်နေ့တာအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ရင်တောင်မှ အိပ်ခါနီး (သို့) အိပ်ယာနိုးရင် လေ့ကျင့်ခန်း ခဏလုပ်ပါ။ ယောဂကျင့်လို့လည်းရသလို၊ မနက်စောစော ထပြေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

အစားအသောက်မှန်မှန်စားပါ

အလုပ်မအားလို့ အစားအသောက်ကို အချိန်နဲ့မစားရင် ကျန်းမာရေးထိခိုက်ပါလိမ့်မယ်။ ဒါကြောင့် အချိန်မှန်မှန် စားသောက်ပါ။ အာဟာရရှိတဲ့အစားအစာ၊ ကျန်းမာတဲ့အစားသောက်တွေကိုပဲ များများစားပေးပါ။ မနက်စာ Breakfast ကို အလွတ်မခံပါနဲ့။ တစ်နေကုန် အလုပ်လုပ်ဖို့အတွက် မနက်စာက အရမ်းအရေးကြီးပါတယ်။

Supplement တစ်ခုခုမှီဝဲပါ

အလုပ်များတဲ့သူတွေက အားဆေးတစ်ခုခု supplement တစ်ခုခုကို မှီဝဲသင့်ပါတယ်။ ကိုယ်က အရမ်းစားပြီး ဘယ်လောက်ပင်ပန်းပါစေ အိပ်ကောင်းတဲ့သူဆိုရင်တော့ မလိုပါဘူး။