အထူးသဖြင့် ဂျိုင်းချွေးအရမ်းထွက်တဲ့သူတွေက အင်္ကျီတွေမှာ ချွေးကွက်တွေ စွန်းထင်းနေတတ်ပါတယ်။ ဒီလို ချွေးကွက်တွေစွန်းထင်းနေတာက ဆပ်ပြာနဲ့ပွတ်တိုက်လျှော်ရုံနဲ့ ပျောက်မသွားပါဘူး။ ကြာရင် ဝါကျင့်ကျင့်အကွက်တွေဖြစ်ပြီး ကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် အင်္ကျီမှာ ချွေးကွက်စွန်းထင်းနေတာတွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ဆား

ချွေးကွက်စွန်းထင်းနေတဲ့နေရာမှာ ဆားအုံပေးပြီး အနည်းဆုံး ၁၂ နာရီကြာ (သို့) တစ်ညထားလိုက်ပါ။ အဲ့လိုထားထားတဲ့အချိန်မှာ ဆားကအစိုပြန်သွားရင် ဆားထပ်အုံပေးပါ။ မနက်ရောက်မှ အဝတ်လျှော်စက်ထဲထည့်ပြီး လျှော်လိုက်ရုံပါပဲ။

ရှာလကာရည်

ချွေးကွက်တွေစွန်းထင်းနေတဲ့အင်္ကျီကို ရှာလကာရည်နဲ့ တစ်ညစိမ်ထားပေးပါ။ မနက်ရောက်ရင် ပုံမှန်အတိုင်းပဲ ဆပ်ပြာနဲ့ ပြန်လျှော်လိုက်ပါ။ အရောင်နဲ့ အဝတ်အစားတွေဆိုရင်တော့ ဒီနည်းလမ်းကို မသုံးပါနဲ့။ အရောင်တွေ ကျွတ်သွားနိုင်ပါတယ်။

သံပယိုရည်

ချွေးကွက်တွေစွန်းထင်းနေတဲ့နေရာကို သံပယိုရည်ညှစ်ချပြီး ၁၀ မိနစ်လောက်ထားလိုက်ပါ။ အချိန်ပြည့်ရင် လက်နဲ့့ပွတ်လျှော်ပြီး ရေနွေးနဲ့ ရေစိမ်ညှစ်ပေးပါ။

ပန်းကန်ဆေးဆပ်ပြာရည်

ချွေးကွက်တွေစွန်းထင်းနေတဲ့နေရာကို ပန်းကန်ဆေးဆပ်ပြာရည်နဲ့ အုံထားပြီး မိနစ် ၃၀ ထားလိုက်ပါ။ အချိန်ပြည့်မှ လက်နဲ့သေချာ ပွတ်လျှော်ပေးပါ။

Vodka

ချွေးကွက်တွေစွန်းထင်းနေတဲ့နေရာကို Vodka လောင်းပြီး မိနစ် အနည်းငယ်လောက် ထားထားလိုက်ပါ။ ထားတဲ့အချိန်က တစ်နာရီကျော်မသွားဖို့တော့ လိုပါတယ်။ အချိန်ပြည့်ရင်တော့ ဆပ်ပြာနဲ့ ပုံမှန်အတိုင်း ပွတ်တိုက်ပြီး လျှော်လိုက်ရုံပါပဲ။

Source:www.brightside.me